အမှောင်ကို အလွန် ကြောက်တတ်သော မင်းသမီး

alt

သူမ၏ ဘဝ တလျှောက်လုံး အမှောင်ကို အလွန် ကြောက်ခဲ့ ပါသည်ဟု မင်းသမီး မီဂန် ဖော့စ်က ၀န်ခံ ပြောကြား သွားလိုက်သည်။

အသက် (၂၃)နှစ်ရှိ Transformers ဇာတ်ကား မင်းသမီးက သူမသည် အလွန် အသည်းငယ် တတ်သူဟု ဆိုသည်။ Jennifer’s Body အမည်ရှိ ထိတ်လန့်ဖွယ် ဇာတ်ကားတွင် ဖုတ်ဝင်နေသော သရဲတကောင် အဖြစ် သရုပ်ဆောင် ထားသော်လည်း သူမ ကိုယ်တိုင်ကမူ ကြောက်တတ်သည့် နေရာတွင် လက်ဖျား ခါလောက်သည်ဟု မင်းသမီးက ရယ်ရယ်မောမော ပြောကြားခဲ့သည်။

ဖော့စ်က သူမ အိပ်ချိန်တွင် မီးဖွင့် ထားတတ်ကြောင်း၊ ထို့အပြင် သူမ အပြင်မှ ပြန်လာချိန်တွင် အိမ်ထဲ မီးမလင်းပါက အလွန် ကြောက်သဖြင့် မီးအားလုံး ဖွင့်သွားလေ့ ရှိကြောင်း ပြောပြခဲ့သည်။

သူမသည် ယင်းကဲ့သို့ အလွန် ကြောက်တတ် သော်လည်း သရဲကားများ ကြည့်ရခြင်း အရသာကိုမူ မစွန့်လွှတ် နိုင်ကြောင်း ဖော့စ် က ဆိုသည်။ သူမ အတွက် ကြောက်သော စိတ်ကသတ်သတ်၊ သရဲကားများ ကြည့်ချင်သည့် စိတ်က သတ်သတ်ဟု ဖော့စ်က ပြောကြားလိုက်သည်။

ထို့အပြင် Jennifer’s Body ဇာတ်ကားအတွင်း သူမ၏ ပုံစံကို သူမ ကိုယ်တိုင် လန့်နေ မိကြောင်း ဖော့စ်က မီဒီယာသို့ ပြောဆိုသွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here