ဘောလုံးအသင်း မန်နေဂျာ ဖြစ်လိုဟု စတီဖင် ဂျရတ် ပြောကြား

alt

အင်္ဂလန် ဘောလုံး ကလပ် လီဗာပူး အသင်းမှ အသင်း ခေါင်းဆောင် စတီဖင် ဂျာရတ် က ၎င်းသည် ဘောလုံး ကစားခြင်း မှ အနားယူ ပြီးလျှင် မန်နေဂျာ တဦးအဖြစ် ဘောလုံး ကွင်းများထံ ပြန်ရောက်လာ လိုကြောင်း ထုတ်ဖော်

ပြောဆိုလိုက်သည်။ အသက်(၂၈)နှစ်ရှိ အင်္ဂလန် လက်ရွေးစင် အလယ်တန်း လူက မိမိအား ဘောလုံး လောကမှ အနားယူလျှင် မည်သို့ ဆက်လက် နေထိုင်မည်ကို မေးမြန်းကြကြောင်း၊ ထိုအခါတိုင်း မန်နေဂျာအဖြစ် တာဝန်ယူမည်ဟု ဖြေဆိုခဲ့ကြောင်း Daily Mail သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဂျာရတ်က မိမိအနေနှင့် ပွဲတပွဲ၏ အလှည့်အပြောင်း အတွက် တာဝန် ယူရသည့် မန်နေဂျာ အလုပ်ကို အလွန် စိတ်ဝင်စားကြောင်း၊ လက်ရှိ လီဗာပူးနည်းပြ ရာဖေး ဘင်နီတက်စ် သည် (၅)နှစ်စာချုပ် ကျန်နေသေးပြီး ထိုအချိန်တွင် ၎င်း၏နေရာသို့ မိမိအစား ၀င်လိုကြောင်း၊ ဂျာရတ်က ဆိုသည်။

မိမိ၏ အင်္ဂလန် ကစားဖော်များ ဖြစ်သည့် ဂျွန်တယ်ရီ၊ ၀ိန်းရူနီ တို့နှင့် စကားပြော ဖြစ်တိုင်း ၎င်းတို့၏ သက်ဆိုင်ရာ ကလပ်အသင်း မန်နေဂျာများ၏ အယူအဆများနှင့် စီမံခန့်ခွဲမှု အတွေးအခေါ်များကို မေးမြန်း အတုယူ ခဲ့ကြောင်း ဂျာရတ်က ၀န်ခံခဲ့သည်။

ထို့အပြင် မိမိသာ အမှန်တကယ် လီဗာပူး မန်နေဂျာ ဖြစ်လာပါက အသင်းကစားဖော် ဂျေမီကာရေဂါ အား လက်ထောက် နည်းပြအဖြစ် ခန့်အပ်လိုသည် ဟုလည်း  ဂျာရတ်က သူ၏ အိပ်မက်အား ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here