ဩဇီပိုင် Jetstar လေကြောင်းလိုင်း မြန်မာနိုင်ငံမှ လုပ်ငန်းများ ရပ်ဆိုင်းစေမည်

alt

ဩစတြေးလျ ကုန်သွယ်မှု ယူနီယံ ကောင်စီ (ACTU) က Jetstar လေကြောင်းလိုင်းသည် လုပ်ငန်းများ ရပ်ဆိုင်းပြီး မြန်မာ နိုင်ငံအတွင်းမှ ပြန်လည် ထွက်ခွာရန် အတွက် စတင် ပြင်ဆင် တိုက်တွန်းနေပြီဟု သိရကြောင်း အတည်ပြု လိုက်သည်။

Jetstar လေကြောင်းလိုင်းသည် မြန်မာနိုင်ငံသို့ တပါတ်လျှင် (၄)ရက် ပျံသန်း ပို့ဆောင်ပေးလျှက် ရှိသည်။ ACTU က တပါတ် (၄)ကြိမ်သည် မြန်မာနိုင်ငံ အတွက် အလွန်များသော ပမာဏ ဖြစ်နေကြောင်း ဝေဖန် ခဲ့ဖူးသည်။

ACTU မှ ရှာရန်ဘာရိုက “တကယ့်ကို အကျင့်ပျက် ခြစားနေတဲ့ အစိုးရပါ။ ပြည်သူတွေကို ဘယ်လို ဂုပ်သွေး စုပ်ရမလဲ ဆိုတာကိုပဲ တွေးနေကြတယ်”ဟု မြန်မာ စစ်အစိုးရအား ဝေဖန်သွားသည်။ “ Jetstar ဟာ ရန်ကုန်ကို အသွားအပြန် လုပ်တဲ့ ခရီးသည် (၄၉) ရာခိုင်နှုန်းကို တာဝန် ယူထား နိုင်ပါတယ်။

ခုတော့ သူတို့တွေ လုပ်ငန်း ရပ်လိုက်ပါတော့မယ် ”ဟု ဘာရိုက ဆိုသည်။ ဩစတြေးလျရှိ မြန်မာ့အရေး လှုပ်ရှားသူ ဇက်တီဘရိက် က ရန်ကုန် လေဆိပ်သို့ ဆင်းသက်တိုင်း Jetstar က ပေးဆောင် နေရသော ငွေကြေး ပမာဏသည် စစ်သား (၇၂၇)ဦးကို နှစ်စဉ်လစာ ပေးထားနိုင်ကြောင်း၊ ထို စစ်သားများက မြန်မာလူထုကို နင်းပြား ဖြစ်နေအောင် ယုတ်မာကြကြောင်း စွပ်စွဲထားသည်။

ဇက်တီက မြန်မာ အစိုးရသည် Jetstar ထံမှ ငွေကြေးဒေါ်လာ (၂.၈) ဘီလျံအထိ ရရှိထားပြီး ဖြစ်နိုင်ကြောင်းလည်း ခန့်မှန်း သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here