ဒုံးကျည် ကာကွယ်ရေးစံနစ် အပြောင်းအလဲကြောင့် အိုဘားမား အစိုးရ ဝေဖန်မှုများ ကြုံနေရ

alt

အမေရိကန် သမ္မတ ဘာရက်အိုဘားမား နှင့် အစိုးရအဖွဲ့သည် ဥရောပတွင် ဒုံးကျည် ကာကွယ်ရေး စံနစ် စတင်မည့်အချိန် ပြောင်းလဲလိုက်မှု အတွက် ဝေဖန်မှုများနှင့် ကြံုတွေ့ နေရကြောင်း သိရှိရသည်။

ကွန်ဂရက် လွှတ်တော် အမတ်များနှင့် အမေရိကန်၏ မဟာမိတ်များသည် စက်တင်ဘာ (၂၄)ရက် နေ့က ယင်းကိစ္စအား အပြင်းအထန် ကန့်ကွက်ခဲ့ကြပြီး ပင်တာဂွန် စစ်ဌာနချုပ်၏ နိုင်ငံရေးမှူး မစ်ချယ်လီ ဖလူနော့က အစိုးရသည် ထိုလုပ်ရပ်အား အလျင်စလို ဆန်စွာ ဆောင်ရွက်ခဲ့ကြောင်း၊ အသေးစိတ် အချက်အလက် များကိုပင် ညှိနှိုင်းခြင်း မရှိသေးဘဲ ပြည်သူကို အသိပေးခဲ့ကြောင်း ဝေဖန်ခဲ့သည်။

လွှတ်တော် အမတ်များလည်း NATO တပ်ဖွဲ့ဝင် မဟာမိတ် နိုင်ငံများတွင် ဒုံးကျည် ကာကွယ်ရေး စံနစ် တပ်ဆင်ပေးရန် စီမံကိန်းကို ရွှေ့ဆိုင်းကြောင်း ပြီးခဲ့သည့် သီတင်းပါတ်က သတင်း မီဒီယာများတွင် ကြေညာနေသည်ကို တွေ့ရှိရသဖြင့် အံ့ဩ စိတ်ပျက်ရကြောင်း ပြောဆိုခဲ့သေးသည်။

ယခုလုပ်ရပ်သည် ဥရောပရှိ မဟာမိတ်များ အတွက် ကောင်းမွန်သော အခြေအနေဟု ယူဆမည် မထင်ကြောင်း ဖလူနော့က သတိပေး ခဲ့သေးသည်။ အိုဘားမားသည် သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်က စီစဉ်ခဲ့သည့် ပိုလန် နှင့် ချက် နိုင်ငံများတွင် ဒုံးကျည် ကာကွယ်ရေး စံနစ်များ တပ်ဆင်မည့် စီမံကိန်းကို ဖျက်သိမ်းရန် ဆုံးဖြတ်ခဲ့သဖြင့် ယခုကဲ့သို့ ဖိအားပေး ဝေဖန်မှုများ ကြံုတွေ့ လာရခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here