၂၀၁၂ လန်ဒန် အိုလံပစ်ကို အထူးဧည့်သည်တော် အဖြစ် မင်းသားကြီးအားနိုး ဖိတ်ကြားခံရ

alt

Termantor မင်းသားကြီး အာနိုး ရှဝါဇနက်ဂါး အား (၂၀၁၂)ခုနှစ် လန်ဒန် အိုလံပစ် ပွဲတော်သို့ အထူး ဧည့်သည် တော် အဖြစ် တက်ရောက်ရန် ၎င်း၏ မိတ်ဆွေဟောင်း ဖြစ်သည့် လန်ဒန်မှ တာဝန်ရှိသူ တဦးက ဖိတ်ကြား လိုက်သည်။

နယူးဟမ် မှ မြို့တော်ဝန် ဆာရော်ဘင်ဝေး သည် အာနိုး နှင့် ကာယအလှ အားကစား အတွက် လေ့ကျင့်ဖက်များ ဖြစ်ပြီး (၁၉၆၀) ပြည့်လွန် နှစ်များက အာနိုး တယောက် လန်ဒန်တွင် နေထိုင်ခဲ့စဉ်က အတွဲညီခဲ့သည့် မိတ်ဟောင်းများ ဖြစ်ကြသည်။

၎င်းသည် အာနိုးထံ သီးသန့် ဖိတ်ကြားစာတစောင် ရေးသားပြီး (၂၀၁၂) ခုနှစ်တွင် လန်ဒန်သို့ အထူးတလည် အလည်အပတ် လာရောက်ပါရန် တောင်းဆိုလိုက်သည်။

နှစ်ပေါင်းများစွာ ကြာမြင့်နေပြီ ဖြစ်သော်လည်း သူငယ်ချင်း သံယောဇဉ်ကြောင့် အာနိုး မှာ လန်ဒန်သို့  ပြန်လာမည်ဟု မိမိ ယုံကြည်ကြောင်း ရော်ဘင်ဝေး က ဆိုသည်။

အာနိုးသည် လောလောဆယ်တွင် ကယ်လီဖိုးနီးယား  ပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် တာဝန် ထမ်းဆောင်နေပြီး ၎င်း၏ နိုင်ငံရေးတွင်ရော၊ အနုပညာ နယ်ပယ်တွင်ပါ ကျော်ကြားလှသည့် ပုံရိပ်က လန်ဒန် အိုလံပစ်အတွက် အကျိုး ဖြစ်ထွန်းစေမည်ဟု မိမိ ယူဆကြောင်း ရော်ဘင်ဝေး က ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here