တာဝန်ချိန် အတွင်း မုဒိမ်းမှု ကျုးလွန်ခဲ့သည့် ဗြိတိန်ရဲသား

alt

တာဝန်ချိန် အတွင်း မုဒိမ်းမှု ကျူးလွန် ခဲ့သည်ဟု ယူဆရသော ရဲသားတဦးကို ထိန်းသိမ်း ထားလိုက်ကြောင်း ဗြိတိန် ရဲတပ်ဖွဲ့က သတင်းထုတ်ပြန် ကြေညာ လိုက်သည်။

လန်ဒန် တောင်ပိုင်းတွင် တာဝန် ထမ်းဆောင်နေသည့် အသက်(၃၀) ကျော် ရဲတဦးအား မုဒိမ်း ကျင့်ကြံ ခဲ့သည်ဟု ယူဆရသဖြင့် ခေါ်ယူ စစ်ဆေးမှုများ ပြုလုပ်ခဲ့ ပြီးနောက် ယခုအခါ အာမခံဖြင့် လွှတ်ပေး ထားကြောင်း စကော့တလန် ယာဒ် စုံထောက်အဖွဲ့ ကဆိုသည်။

စက်တင်ဘာလ (၁၉)ရက် နေ့က အမျိုးသမီး တဦးသည် အရက်မူးပြီး သောင်းကျန်းနေသည့် သူမ၏ ချစ်သူ ကြောင့် အရေးပေါ်နံပါတ် (၉၉၉) သို့ ဆက်သွယ် အကူအညီ တောင်းခံ ခဲ့ရာ ယင်းရဲမှာ ထိုအိမ်သို့ ရောက်ရှိ သွားပြီး မုဒိမ်းမှု ကျူးလွန်ခဲ့ခြင်းဟု ရဲက ယူဆနေသည်။

ထို အမျိုးသမီးသည် ဘရွမ်လီတွင် တဦးတည်း နေထိုင်ပြီး ရဲတပ်သား ရောက်ရှိ သွားချိန်တွင် သူမ၏ချစ်သူမှာ အိမ်ပြန်သွားပြီ ဖြစ်သည်။ ထိုရဲသည် သူမအား လိင်ပိုင်းဆိုင်ရာ စော်ကားမှု မပြုမီ အရက်ပုလင်း တဝက်မျှကို အတင်း သောက်ခိုင်းကြောင်း အမျိုးသမီးက စွပ်စွဲချက်တွင်  ဖေါ်ပြ ထားသည်။

ထိုအမှုအား နိုဝင်ဘာလ အတွင်း ရုံးတင် စစ်ဆေးသွားမည် ဖြစ်ပြီး ရဲသားကိုမူ လောလောဆယ်တွင် တာဝန်မှ ရပ်စဲထားကြောင်း ယနေ့ထုတ် လန်ဒန် သတင်းများက ဖော်ပြခဲ့ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here