ထိမ်းမြား လက်ထပ်ခြင်း အပေါ် ဗြိတိန ်နိုင်ငံသားများ တန်ဖိုးထား လျော့နည်းလာ

alt

ယခုနှစ် ပထမ (၃)လက ကောက်ခံ ထားသော စစ်တမ်းများ အရ ဗြိတိန် တွင် မွေးဖွားခဲ့သော ကလေး များ၏ ထက်ဝက် နီးပါးသည် တရားဝင် လက်ထပ် မထားသော မိဘများမှ ဖွားမြင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ယင်းဖြစ်ရပ်သည် အင်္ဂလန်နှင့် ဝေလ် နယ်တွင် အများဆုံး ပေါ်ပေါက်နေခဲ့ပြီး လက်မထပ်ဘဲ ကလေးမွေးမှု နှုန်းမှာ စုစုပေါင်း မွေးဖွားခဲ့သမျှ ကလေး ဦးရေ၏ (၄၆) ရာခိုင်နှုန်း ရှိနေခဲ့သည်။

ထိုနှုန်းမှာ (၁၉၉၁) ခုနှစ်နှင့် နှိုင်းယှဉ် ပါက (၅၀) ရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်။ ထိုစစ်တမ်းသည် ဗြိတိန် လူထုကြား ထိမ်းမြား လက်ထပ်ခြင်းကို တန်ဖိုးထားမှု လျော့နည်း လာသည်ကို ညွှန်ပြလျှက် ရှိကြောင်း စစ်တမ်း ကောက်ခံခဲ့သည့် အမျိုးသား အချက် အလက်များ ဌာနမှ အန်းဝစ်ဒါကွမ်ဘီ က ဆိုသည်။

ထို့အပြင် ထိမ်းမြား လက်ထက်ခြင်း အတွက် ပိုမို ကောင်းမွန်သော အမြင်မျိုး လူအများတွင် ရှိလာစေရန် အစိုးရအနေနှင့် အခွင့်အလမ်းများ ဖန်တီး ပေးသင့်ကြောင်း ၀စ်ဒါကွမ်ဘီ က အကြံပြု သွားခဲ့သည်။

ဗြိတိန်တွင် ကလေး မွေးဖွားနှုန်း မှာမူ တနှစ်ထက် တနှစ် တိုးပွား လာနေကြောင်း သိရှိရသည်။ ထို့အပြင် ကလေး မွေးဖွားသည့် မိန်းကလေး များမှာ အသက် (၁၅)နှစ်နှင့် (၄၄) နှစ်ကြားတွင် အများဆုံးဖြစ်ပြီး (၆၃.၅) ရာခိုင်နှုန်း အထိ ရှိနေကြောင်း သိရှိရသည်။

ထို့အပြင် အင်္ဂလန် အလယ်ပိုင်းတွင် ကလေးအများဆုံး မွေးဖွားပြီး အရှေ့ မြောက်ပိုင်းတွင် ကလေးမွေးဖွားမှု အနည်းဆုံးဟု စစ်တမ်းက ဆိုသည်။ ထို့အပြင် ယခုနှစ်အတွင်း ဗြိတိန်၏ လူဦးရေသည် ပထမဆုံး အကြိမ်အဖြစ် (၆၁)သန်း ပြည့်လာခဲ့ကြောင်းလည်း စာရင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here