အာဆီယံ ဒေသတွင်း ဆန်စပါး စိုက်ပျိုးမှု နိုင်ငံများအဖွဲ့ ဖွဲ့စည်းရန် ပြင်ဆင်

alt

အာဆီယံ ဒေသအတွင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု အများဆုံး နိုင်ငံများ ဖြစ်သည့် ထိုင်း၊ ဗီယက်နမ်၊ လာအို၊ ကမော္ဘဒီးယားနှင့် မြန်မာတို့သည် အဖွဲ့အစည်း တခုအဖြစ် ပူးပေါင်းပြီး ဆန်စပါးပို့ကုန် ကဏ္ဍ တိုးမြှင့်နိုင်ရန်

ပြင်ဆင်နေကြောင်း သိရှိရသည်။

ယင်း အဆိုကို ဖေဖော်ဝါရီလ နှောင်းပိုင်းက အာဆီယံ အစည်းအဝေးတွင် ကမော္ဘဒီးယား ခေါင်းဆောင် ဟွန်ဆန်က စတင် အကြံပြုခဲ့ပြီး ဩဂုတ်လတွင် စတင် အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ခြင်း ဖြစ်သည်။

ဆန်စပါးကဏ္ဍ တိုးတက်ရေးနှင့် ဈေးနှုန်းညှိနှိုင်းရေး လုပ်ငန်းများကို အဓိက အာရုံစိုက် ဆောင်ရွက်သွားမည့် အဖွဲ့၏ လုပ်ငန်းစဉ်များကြောင့် အာဆီယံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှု တိုးတက်လာမည်ဟု အဖွဲ့ဝင် နိုင်ငံများက ယုံကြည် နေကြသည်။

အဖွဲ့၏ ပထမဆုံး ရည်မှန်းချက် အနေနှင့်လည်း (၂၀၁၀) ခုနှစ်တွင် ဆန်ဈေး တည်ငြိမ်မှု ရှိနေစေရန် ဦးတည်ထားကြောင်း သိရသည်။ ထိုင်း၊ လာအို နှင့် ဗီယက်နမ် တို့သည် အခြေခံ အချက်အလက်များကို ကမော္ဘဒီးယားနှင့် ကြိုတင် ညှိနှိုင်းပြီး ဖြစ်သော်လည်း မြန်မာ ကမူ ပြီးခဲ့သည့်လကမှ ယင်းကိစ္စအတွက် ပါ၀င်လာခြင်း ဖြစ်သည်။

ထိုင်း နှင့် ဗီယက်နမ်တို့သည် ဆန်စပါး ကဏ္ဍတွင် ရှေးယခင် ကတည်းက ပူးပေါင်း ဆောင်ရွက်ခဲ့မှုများ ရှိနေခဲ့ပြီး ပြည်ပ ပို့ကုန်ကဏ္ဍ တိုးတက်ရေး အတွက် အပြန်အလှန် သတင်းအချက် ဖလှယ်မှုများ ပြုလုပ်ခဲ့ဖူးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here