အာဖဂန်နစ္စတန် တွင် တာလီဘန်တို့ တိုက်ခိုက်မှုကြောင့် အမေရိကန် တပ်ဖွဲ့ဝင်များ ကျဆုံး

alt

တာလီဘန် တပ်ဖွဲ့များ၏ တိုက်ခိုက် မှုကြောင့် အာဖဂန် နစ္စတန် တောင်ပိုင်းတွင် တပ်စွဲ ထားသော အမေရိကန် တပ်ဖွဲ့ဝင် (၅)ဦး စက်တင်ဘာ (၂၄)ရက် နေ့က ကျဆုံး သွားခဲ့ရကြောင်း သိရှိရသည်။

အမေရိကန်နှင့် NATO တပ်များသည် တာလီဘန် တို့အား ၀င်ရောက် တိုက်ခိုက်ခဲ့ရာ ယခုကဲ့သို့ ကျဆုံးခဲ့ခြင်း ဖြစ်ပြီး ယခုနှစ်အတွက် အာဖဂန်တွင် ကျဆုံးသော စစ်သည်ဦးရေမှာ အမြင့်ဆုံးသို့ ရောက်ရှိလာပြီ ဖြစ်သည်။

အမေရိကန် စစ်ဘက်က စစ်သည် (၄)ဦးသည် ကားဖြင့် ချီတက်လာစဉ် ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ကြောင်း၊ မရိန်းတပ်သား တဦးမှာမူ အပြန်အလှန် ပစ်ခတ်မှုများ အတွင်း ထိခိုက် သေဆုံးကြောင်း ပြောဆို သွားခဲ့သည်။

ဇာဘူရှိ တိုက်စစ်ကာ စစ်ကြောင်းသည် အမေရိကန်သမ္မတ ဘာရက်အိုဘားမား အာဖဂန်သို့ အင်အားဖြည့်တင်း ပို့လွှတ်သည့် စစ်တပ်များ အနက်မှ တခုလည်း ဖြစ်သည်။ ယခုကဲ့သို့ သေဆုံးစစ်သည် အရေအတွက် မြင့်တက်လာသော်လည်း အိုဘားမား အစိုးရသည် အာဖဂန်သို့ တပ်အင်အား တိုးချဲ့ ပို့လွှတ်နေခြင်းကို ရပ်တန့်ရန် အစီအစဉ်မရှိကြောင်း အတည်ပြုထားခဲ့ပြီး ဖြစ်သည်။

အာဖဂန်တွင် တပ်စွဲထားသည့် အမေရိကန်နှင့် NATO တပ်ဖွဲ့များအတွက် လမ်းဘေးဗုံးများသည် ယခုအခါတွင် ကြောက်စရာ အကောင်းဆုံး သေမင်းတမန်များ ဖြစ်လာခဲ့ပြီး ထောင်ထားသည့် ဗုံးကြောင့် သေဆုံးရသည့် စစ်သည်ဦးရေမှာ တိုက်ပွဲတွင် ကျဆုံးသည့် ပမာဏထက် သိသိသာသာ ပိုများနေကြောင်း အရှေ့အလယ်ပိုင်းမှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here