မန်ချက်စတာ မြို့ခံ နှစ်သင်း စလုံးထက် အာဆင်နယ် ပိုကောင်းသည်ဟု ဆို

alt

မန်ချက်စတာ မြို့ခံ နှစ်သင်းလုံးကို အရေးနိမ့် ထားသော်လည်း မိမိ၏ အသင်းသည် ထိုနှစ်သင်း လုံးထက် ပိုကောင်းကြောင်း အာဆင်နယ် နည်းပြကြီး အာစင်းဝင်းဂါး က ပြောကြား လိုက်သည်။

ပြင်သစ် နည်းပြကြီး၏ အသင်းသည် ယခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ပွဲစဉ်များအဖြစ် မန်ချက်စတာ နှစ်သင်း အား အဝေးကွင်း များတွင် သွားရောက် ယှဉ်ပြိုင် ခဲ့ရာ မန်ချက်စတာ ယူနိုက်တက် အား (၁-၂)၊ မန်ချက်စတာ စီးတီးအား (၂-၄) တို့ဖြင့် အသီးသီး ရှုံးနိမ့်ခဲ့ကြသည်။

သို့သော်လည်း ထိုနှစ်ပွဲလုံးတွင် အာဆင်နယ်က ကစားပုံသာပြီး ကံဆိုး လွန်းသဖြင့်သာ အရေးနိမ့် သွားခြင်းဟု ၀င်းဂါးက ပြောကြားခဲ့သည်။ ထို့အပြင် အာဆင်နယ်၏ လူငယ် ကစားသမားလေးများ ယခုထက် ပိုပြီး အတွေ့အကြံု ရင့်ကာ အချိတ်အဆက် မိလာပါက မန်ချက်စတာ (၂)သင်း လုံးထက် ခြေစွမ်း အသာရပြီး အမှတ်ပေး ချန်ပီယံ ဘွဲ့ကိုပင် ခြိမ်းခြောက် နိုင်ကြောင်း ၀င်းဂါးက လေလုံး ထွားခဲ့သည်။

ယူနိုက်တက်သည် အင်္ဂလန် အမှတ်ပေး ဇယားကို (၃)ကြိမ် ဆွတ်ခူးထားပြီး စီးတီး ကမူ ပြီးခဲ့သည့်နှစ်က ပေါင်သန်း(၁၀၀) ကျော်ဖိုး လူအင်အား ဖြည့်တင်းမှုများ ပြုလုပ်ထားသဖြင့် အတောင့်တင်းဆုံး အခြေအနေတွင် ရှိနေသည်။ မန်ချက်စတာ မြို့ခံနှစ်သင်း ထိပ်တိုက် တွေ့ဆုံရာ တွင်မူ ယူနိုက်တက်က စီးတီးအား အိမ်ကွင်းတွင် အကြိတ်အနယ် ကစားပြီး (၄-၃)ဖြင့် အနိုင်ရရှိ သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here