အမေရိကန် ကျောင်းများရှိ သောက်ရေတွင် ခဲဓာတ် ပါဝင်မှုမြင့်မား

alt

ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်း အမေရိကန် နိုင်ငံ တဝှမ်းရှိ  ထောင်နှင့် ချီသော ကျောင်းများတွင် အသုံးပြု နေသည့် သောက်ရေများမှာ ခဲဓာတ် အပါအဝင် အခြားသော အဆိပ် အတောက် လွှမ်းသော ဓါတုပစ္စည်းများ

အန္တရာယ် ရှိနိုင်သည့် အတိုင်းအတာ အထိ မြင့်မားစွာ ပါ၀င် နေသည်ကို ပညာရှင် များက ဖော်ထုတ်တွေ့ရှိ ခဲ့သည်။

AP သတင်းဌာနမှ စုံစမ်းရေး အဖွဲ့တခုသည် အမေရိကန်၏ ပြည်နယ် (၅၀)မှ အစိုးရနှင့် ပုဂ္ဂလိက ကျောင်းပေါင်း အမြောက်အမြားကို လေ့လာပြီးနောက် ယခု ကိစ္စအား ဖော်ထုတ်နိုင်ခဲ့ပြီး မြို့ငယ်များနှင့် ချောင်ကျသော ရပ်ကွက်များမှ ကျောင်းများတွင် ပိုအဖြစ်များကြောင်း သိရှိ လာရသည်။

ယခု တွေ့ရှိမှုသည် ပြည်ထောင်စု အစိုးရ ကျန်းမာရေးနှင့် ပညာရေး ဌာနများကို အကြီးအကျယ် ဂယက် ရိုက်သွားစေခဲ့သည်။ ထို့အပြင် အများပြည်သူ သောက်သုံးနေသည့် ရေ၏ သန့်စင်မှုကို တိုင်းတာပေးရန် တောင်းဆိုမှု များလည်း မြင့်တက် လာခဲ့သည်။ ပညာရှင်များက ကျောင်းသားများ၏ ကျန်းမာရေး လုံခြံုမှု အခြေအနေ အတွက် ကောင်းမွန် သပ်ရပ်သော စံနစ်တခု မဖြစ်မနေ လိုအပ် လာတော့မည်ဟု သုံးသပ် နေကြသည်။

ယခု ကြေညာချက် ထွက်ပေါ်  လာပြီးနောက် ကျောင်း အတော်များများမှ ကျောင်းသား ကျောင်းသူများသည် ကျောင်းတွင် ထားရှိသော ရေ၏ သန့်စင်မှုကို မယုံကြည်ကြတော့ဘဲ နေအိမ်မှ သောက်ရေကို ရေဘူးများဖြင့် ထည့်ယူလာ ကြကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here