မြန်မာ စစ်အစိုးရနှင့် ဆွေးနွေးမည့် အမေရိကန် အစီအစဉ် ဒေါ်အောင်ဆန်းစုကြည် ကြိုဆို

alt

မြန်မာ စစ်အစိုးရနှင့် စေ့စပ်ညှိနှိုင်း မှုများ ပြုလုပ်ရန် ပြင်ဆင်လာသည့် အမေရိကန် အစိုးရ၏ သဘောထားကို ဒေါ်အောင်ဆန်းစုကြည် အနေနှင့် လှိုက်လှဲစွာ ကြိုဆိုကြောင်း သူမ၏ ရှေ့နေက ပြောကြား လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့ ဒီမိုကရေစီ အပြောင်းအလဲ အတွက် သမ္မတ ဘားရက် အိုဘားမား၏ ခြေလှမ်းသစ်ကို အလွန် ကျေနပ်ကြောင်း၊ သို့သော် ညှိနှိုင်းမှုများ ပြုလုပ်ရာတွင် နှစ်ဖက်စလုံးမှ ရိုးသားစွာ ကျင့်ကြံရန် လိုအပ်ကြောင်း အတိုက်အခံ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက AFP သတင်းဌာနသို့ စက်တင်ဘာ (၂၄)ရက ်နေ့က ပြောကြားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်သည် ကုလသမဂ္ဂ ညီလာခံတွင် မြန်မာနိုင်ငံ ဒီမိုကရေစီ ကူးပြောင်းရေး အတွက် လက်ရှိ အသုံးပြုနေသော ပိ်တ်ဆို့ရေး လမ်းစဉ်အစား မြန်မာ စစ်အစိုးရနှင့် စေ့စပ် ညှိနှိုင်းမှုများ ပြုလုပ်သွားရန် သမ္မတ အိုဘားမားတွင် ဆန္ဒ ရှိနေကြောင်း စက်တင်ဘာ (၂၃)ရက် နေ့က ပြောကြား သွားခဲ့သည်။

ထို့အပြင် နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည် နှင့် ပတ်သက်ပြီးလည်း မြန်မာ စစ်အစိုးရထံ ပွင့်ပွင့်လင်းလင်း ဆွေးနွေး သွားလိုကြောင်း ဟီလာရီက ပြောဆိုလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here