ဖား မျိုးစိတ်သစ်များ မဲခေါင် မြစ်ဝှမ်းတွင် ဖော်ထုတ်တွေ့ရှိ

alt

ကျားသစ် ကဲ့သို့ အစက်အပြောက်များ ပါရှိပြီး တောက်တဲ့ ကဲ့သို့ အစွယ် ပါရှိကာ ငှက်များကိုပါ ဖမ်းယူ စားသောက် တတ်သည့် ဖား မျိုးစိတ် များမှာ ပြီးခဲ့သည့် နှစ်အတွင်း မဲခေါင် မြစ်ဝှမ်းတွင်

ဖော်ထုတ် တွေ့ရှိခဲ့သည့် သက်ရှိ မျိုးစိတ်သစ် (၁၆၃) ခုတွင် အပါအဝင် ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် လေ့လာ ထိန်းသိမ်းရေး အဖွဲ့ တခုက စက်တင်ဘာလ (၂၅)ရက် နေ့တွင် ကြေညာ လိုက်သည်။

WWF နိုင်ငံတကာ အဖွဲ့က (၂၀၀၈) ခုနှစ် အတွင်းတွင် အာရှ အရှေ့ပိုင်းရှိ မဲခေါင်မြစ် တလျှောက် အပင်မျိုးစိတ် (၁၀၀)၊ ငါးမျိုးစိတ် (၂၈)ခု၊ တွားသွား သတ္တဝါ (၁၈)မျိုး၊ ကုန်းနေ ရေနေ သတ္တဝါ မျိုးစိတ်(၁၄)ခု၊ နို့တိုက် သတ္တဝါ (၂)မျိုးနှင့် ငှက်မျိုးစိတ်သစ် (၁)ခုတို့ကို ဖော်ထုတ် တွေ့ရှိခဲ့ကြောင်း အတည်ပြု ခဲ့သည်။

၎င်းမျိုး စိတ်သစ်များကို (၁၉၉၇) ခုနှစ်မှ (၂၀၀၇) ခုနှစ်အတွင်း ဖော်ထုတ်နိုင်ခဲ့သည့် မျိုးစိတ်သစ် သက်ရှိ (၁၀၀၀) ကျော်တို့တွင် စာရင်းဖော်ပြ ထည့်သွင်း သွားမည်ဖြစ်သည်။ ထို့အပြင် အခြားသော သက်ရှိများကိုလည်း ဆက်လက်ရှာဖွေ အသစ်တွေ့ ရှိနိုင်မည်ဟု မျှော်လင့်ကြောင်း WWF မှ မဟာမဲခေါင်မြစ် ပရိုဂရမ်ဆိုင်ရာ ဒါရိုက်တာ စတောက်ချပ်မန်း က ဆိုသည်။

သုတေသီ များသည် WWF အတွက် ရည်စူးကာ မဲခေါင်မြစ်ဝှမ်း ဒေသကို စနစ်တကျ လေ့လာပြီးနောက် ယခု မျိုးစိတ်သစ်များကို ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ ရာသီဥတု ပြောင်းလဲမှုနှင့် ရေကြီး ရေလျံမှုများ ဖြစ်ပေါ်နိုင်သည့် သဘာဝ ဖြစ်စဉ်များအား လေ့လာရန် ဖြစ်သော်လည်း ယခုကဲ့သို့ မှတ်တမ်း မတင်ရသေးသော သက်ရှိ မျိုးစိတ်များအား ဖော်ထုတ်နိုင်သဖြင့် ကျေနပ်မိကြောင်း ချပ်မန်းက ပြောကြားသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here