ချက်နိုင်ငံတွင် ဘာသာရေး ယုံကြည်မှု ကင်းမဲ့သူ အများအပြားရှိ

alt

ကွန်မြူနစ် စံနစ်ကို အဆုံးသတ်လိုက် ပြီးသည်မှာ နှစ်ပေါင်း (၂၀)ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ချက် နိုင်ငံတွင် ဘာသာရေး အပေါ် အယုံအကြည် ကင်းမဲ့နေသူ အမြောက် အမြား ရှိနေသေးကြောင်း ပုပ်ရဟန်း

မင်းကြီး ဘင်နီဒစ် (၁၈) ကိုယ်တိုင် တွေ့ကြံု ခဲ့ရသည်။

ချက်နိုင်ငံမှ လူဦးရေ ထက်ဝက်ကျော် သည် ဘာသာတရားတွင် ကိုင်းရှိုင်း ယုံကြည်မှု မရှိကြပေ။ ရဟန်းမင်းကြီး ကမူ ချက်ပြည်သူ တို့အား ဘုရားသခင်၏ ကရုဏာတော် အစွမ်းဖြင့် လမ်းကြောင်းမှန်ပေါ် ပို့ဆောင် နိုင်မည်ဟု မျှော်လင့်နေသည်။

ပုပ်ရဟန်း မင်းကြီးသည် စက်တင်ဘာလ (၂၆)ရက်မှ စတင်ကာ ဥရောပ၏ နှလုံးသားဟု တင်စားခံရသည့် နိုင်ငံသို့ သွားရောက်မည် ဖြစ်သည်။ ဗာတီကန် ပြောရေး ဆိုခွင့်ရ ဘုန်းတော်ကြီး ဖက်ဒရီကို လွမ်ဘာဒီက ပုပ်ရဟန်း မင်းကြီး၏ ဥရောပ ခရီးစဉ်ကို အတည်ပြုခဲ့ပြီး ထိုဒေသတွင် ခရစ်ယန် ဘာသာအား သက်ဝင် ယုံကြည်လာအောင် သာသနာပြု နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောကြားသွားသည်။

ချက်နိုင်ငံတွင် ကွန်မြူနစ်တို့ အရေးနိမ့် သွားသည်မှာ (၁၉၈၉) ခုနှစ် ကတည်းက ဖြစ်သော်လည်း ခရစ်ယန် ဘာသာသည် ထိုနိုင်ငံအတွင်း အခိုင်အမာ ရပ်တည်နိုင်ရေး အတွက် ဆန့်ကျင်ဖက် အတိုက်အခံ များကြောင့် ရုန်းကန် နေရဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here