မလေးရှား ဖျော်ဖြေပွဲတွင် အဝတ်အစား ထိန်းသိမ်း ဝတ်ဆင်မည်ဟု ဘီယွန်းဆေးလ် ပြောကြား

alt

မလေးရှား နိုင်ငံသို့ သွားရောက် ဖျော်ဖြေ ချိန်တွင် ဘီယွန်းဆေးလ် ၏ ၀တ်စား ဆင်ယင်မှုကို သတိပြု ထိန်းသိမ်း သွားမည်ဟု ဖျော်ဖြေပွဲ ကျင်းပရေး ကန်ထရိုက် တာဝန်ခံ များက ကတိပြုခဲ့ပြီ ဖြစ်သည်။

မွတ်ဆလင် ဘာသာဝင် နိုင်ငံဖြစ်သည့် မလေးရှားတွင် ဖျော်ဖြေ တင်ဆက်သူ အမျိုးသမီး များ၏ ပခုံးနှင့် ဒူးခေါင်း အထက်ပိုင်းကို ဖော်ပြသော ၀တ်စား ဆင်ယင်မှု မျိုးကို ခွင့်မပြုချေ။

ဘီယွန်းဆေးလ် သည် သူမ၏ ကမာ္ဘလှည့် ဖျော်ဖြေမှု အစီအစဉ်၏ အပိုင်းတခု အဖြစ် ကွာလာလမ်ပူ တွင် အောက်တိုဘာလ အတွင်း သွားရောက် ဖျော်ဖြေမည်  ဖြစ်သည်။ Marctensia ဖျော်ဖြေရေး လုပ်ငန်းသည် ဘီယွန်း ဆေးလ် ၏ ၀တ်စား ဆင်ယင်မှုကြောင့် မွတ်ဆလင် အဖွဲ့အစည်း များက အမြင်မကြည် ဖြစ်လာမည်ကို မလိုလား ကြောင်း ကြိုတင် ပြောကြားထားပြီး ဖြစ်သည်။

ဘီယွန်းဆေး၏ ဖျော်ဖြေပွဲကို ခွင့်မပြုရန် မွတ်ဆလင် ဘာသာရေး အဖွဲ့များက တောင်းဆိုရန် ပြင်ဆင်နေစဉ် ဖျော်ဖြေရေး တာဝန်ခံ များက ယခုလို ကတိပေး လာခြင်းဖြစ်သည်။ ဘီယွန်းဆေးသည် မလေးရှားတွင် လူကြိုက် အများဆုံး အဆိုတော် အဖြစ် ရပ်တည် နေသူလည်း ဖြစ်သည်။

ဘီယွန်းဆေး မတိုင်မီက ဂွင်းစတက်ဖနေး၊ အေဗရာလစ်ဗင်း နှင့် ဘလက်အိုင်း ပီးစ် အဖွဲ့ကဲ့သို့သော နာမည်ကျော် ဂီတ ကြယ်ပွင့်များ ကွာလာလမ်ပူ တွင် ဖျော်ဖြေခဲ့သေးပြီး ထိုစဉ်ကလည်း ဘာသာရေး အဖွဲ့များက ကန့်ကွက်ရန် ကြိုးစားခဲ့ကြ သေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here