မလေးရှား အကျဉ်းစခမ်းတွင် ထိန်းသိမ်း ခံထားရသည့် မြန်မာ အလုပ်သမား အချို့သေဆုံး

alt

မလေးရှား အစိုးရ တာဝန်ရှိသူ တဦးက မြန်မာနိုင်ငံမှ ရွှေ့ပြောင်း အလုပ်သမား (၆)ဦး တို့သည် ထိန်းသိမ်း ခံထားရစဉ် ကြွက်၏ ကျင်ငယ်ရေကြောင့် ဖြစ်ပွား ရသည်ဟု ယူဆရသည့် ရေမသန့် သော ရောဂါတခု ကြောင့်

သေဆုံး သွားကြောင်း အတည်ပြု ပြောဆို လိုက်သည်။

လူဝင်မှု ကြီးကြပ်ရေးဌာန အရာရှိက မလေးရှား နိုင်ငံသို့ တရားမဝင် ရောက်ရှိ လာသဖြင့် ထိန်းသိမ်း ခံထားရသော မြန်မာ အမျိုးသား (၆)ဦး တို့သည် ပြီးခဲ့သည့် လကတည်းက နာမကျန်း ဖြစ်နေကြကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ ၎င်းတို့သည် ဆေးရုံသို့ တင်ပို့ကုသမှု ခံယူရပြီး ရက်ပိုင်း အတွင်းမှာပင် သေဆုံးခဲ့ကြောင်း တာဝန် ရှိသူများက ဆိုသည်။

စက်တင်ဘာလ (၂၅)ရက် နေ့က မြန်မာ(၆)ဦး သေဆုံးကြောင်း သတင်းကို မလေးရှား အာဏာပိုင်များက တရားဝင် ကြေညာပြီး Leptospirosis ခေါ် ကြွက်၏ ကျင်ငယ်ရေကြောင့် ဖြစ်ရသော မသန့်ရှင်းသည့် ရေကို သောက်မိသဖြင့် ဖြစ်ပွားသော ရောဂါဖြင့် သေဆုံးခြင်း ဖြစ်နိုင်ကြောင်း ဆရာဝန်များက ခန့်မှန်း သတ်မှတ် ထားသည်ဟု ပြောဆို သွားခဲ့သည်။

အာဏာပိုင် များက ၎င်းတို့ (၆)ဦးသည် ယခင် ထိန်းသိမ်းရေး စခန်းတွင် ရှိနေစဉ် ကတည်းက ယင်းရောဂါ ပါလာခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဆရာဝန်များက ခန့်မှန်းသုံးသပ် လိုက်ကြသည်။ ထို(၆)ဦး တို့သည် တရားမဝင် နေထိုင်သူများအား ဖမ်းဆီး ထိန်းသိမ်းထားသည့် စခန်းတခုတွင် အုံကြွ သောင်းကျန်းမှုများ ပြုလုပ်ခဲ့သဖြင့် စခန်း ရွှေ့ပြောင်းခံရသူ (၇၀၀)တွင် အပါအဝင် ဖြစ်ကြောင်း မလေးရှား တာဝန်ရှိသူ များက ဆက်လက် ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here