အလွန် ထွားကျိုင်းလှသည့် ခလေးငယ် အင်ဒိုနီးရှား မိခင်မွေးဖွား

alt

အင်ဒိုနီးရှား နိုင်ငံမှ မိခင်တဦးသည် ထွားကြိုင်းလှသည့် သားငယ် တဦးအား ဖွားမြင်ခဲ့ကြောင်း ဂျာကာတာ ဂလုပ် သတင်းစာက စက်တင်ဘာ (၂၄)ရက် နေ့တွင် ဖော်ပြခဲ့သည်။

မြောက်ပိုင်း ဆူမာတြာရှိ အက်ဘဒူ မာနန် ဆေးရုံက အရပ် (၆၃) စင်တီမီတာ အရှည်ရှိပြီး အလေးချိန် (၈.၇) ကီလို ရှိသော ဧရာမ ကလေးကြီးအား အောင်မြင်စွာ မွေးဖွား ပေးနိုင်ခဲ့ကြောင်း သတင်းစာက ဖော်ပြထားသည်။

ဆေးရုံမှ အလုပ်သမား တဦးက ထိုသတင်းကို အတည်ပြုခဲ့ပြီး အာဆဟန် မြို့နေ အသက် (၄၁)နှစ် အရွယ် အန်နီ အမည်ရှိ အမျိုးသမီးက ယင်းကလေးကို မွေးဖွား ပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား သွားခဲ့ကာ၊ ယင်း ဆေးရုံ ၀န်ထမ်းသည် ၎င်း၏အမည်ကို ထုတ်ဖော် ပြောဆိုရန်မူ ငြင်းဆန် သွားခဲ့သည်။

ကိုယ်အလေးချိန် အများဆုံး အဖြစ် နောက်ဆုံး မွေးဖွားခဲ့သည့် ကလေးမှာ အင်ဒိုနီးရှား နိုင်ငံမှပင် ဖြစ်ပြီး ဂျာကာတာ မြို့ရှိ ဆီးချိုဝေဒနာရှင် မိခင်မှ ဖွားမြင်ခဲ့ခြင်း ဖြစ်သည်။ (၂၀၀၇) ခုနှစ်က မွေးဖွားခဲ့သော ယင်း ကလေးငယ်သည် မွေးမွေးချင်း ကိုယ်အလေးချိန် (၆.၉) ကီလိုဂရမ် ရှိသည်ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here