တောင်ကိုရီးယား iPhone တရားဝင် ရောင်းချခွင့်ရ

alt

Apple ကုမ္မဏီ အနေနှင့် တောင် ကိုရီးယား နိုင်ငံအတွင်း iPhone များ တရားဝင် ရောင်းချခွင့် ရရှိသွားပြီ ဖြစ်သည်။

တောင်ကိုရီးယား ကြိုးမဲ့ ဆက်သွယ်ရေး အာဏာပိုင် များက iPhone များ ရောင်းချရန် ခွင့်ပြုမိန့်ကို အတည်ပြု ပေးလိုက်ပြီ ဖြစ်ကြောင်း စက်တင်ဘာ (၂၃)ရက် နေ့က ကြေညာခဲ့သည်။

ထို့ကြောင့် အရှေ့ အာရှနိုင်ငံ၏ မိုဘိုင်းလ်ဖုန်း ဈေးကွက်သို့ Apple မှာ နောက်ဆုံး ၀င်ရောက်ခွင့်ရသူ ဖြစ်လာခဲ့သည်။ ကိုရီးယား ဆက်သွယ်ရေး ကော်မရှင်သည် ထိပ်တန်း ကော်မရှင်နာ (၅)ဦး ပါ၀င်သော အစည်းအဝေး တခု ပြုလုပ် ပြီးနောက် ယခု ကိစ္စအား လက်ခံလိုက်ခြင်း ဖြစ်ကြောင်း ကော်မရှင်မှ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် လီဆန်ဟွမ်းက သတင်းထောက် များအား ပြောကြားခဲ့သည်။

iPhone အား တောင်ကိုရီးယားတွင် ဈေးကွက် ဖြန့်ချီနိုင်ရန် Apple က ကာလ ကြာမြင့်စွာ ကြိုးပမ်းခဲ့သော်လည်း နိုင်ငံ၏ မိုဘိုင်းလ်ဖုန်း Handset လောကကို ပြည်တွင်း ကုမ္မဏီ Samsung က လက်ဝါးကြီးအုပ် လွှမ်းမိုးထား သဖြင့် မအောင်မြင်ခဲ့ပေ။ ယခု ကဲ့သို့ ခွင့်ပြုမိန့် ရရှိလာခြင်းနှင့် ပတ်သက်ပြီး Apple  က တစုံတရာ ပြောဆိုခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here