ဩစတြေးလျမှ ကြောင်သက်ပြင်း

alt

ဩစတြေးလျ နိုင်ငံမှ ကြောင်ကလေး တကောင်သည် ခေါင်းကို လေ သေနတ်ဖြင့် (၁၃)ချက် တိုင်တိုင် အပစ် ခံရသော်လည်း မသေခဲ့ကြောင်း သိရှိ ရသည်။

ထို့အပြင် ကြိုးစား ပမ်းစားဖြင့် အိမ်သို့ ရောက်အောင် ပြန်လာသည့် Smokey အမည်ရှိ ကြောင်ကလေးကြောင့် တိရစာ္ဆန် တကောင်အပေါ် အစာနာ မဲ့စွာ မညှာမတာ ပြုကျင့်ခဲ့သူကို ရဲက ပိုက်စိပ်တိုက် ရှာဖွေလျှက် ရှိနေပြီ ဖြစ်သည်။

Smokey သည် အသက် (၉)နှစ်ရှိပြီ ဖြစ်သည့် မီးခိုးရောင် ကြောင်ကလေး ဖြစ်ပြီး စက်တင်ဘာ (၂၂)ရက် နေ့က အိမ်သို့ ဒဏ်ရာ ဗရပွဖြင့် ထိုသို့ ပြန်ရောက် လာခဲ့ခြင်း ဖြစ်သည်။ ဗစ်တိုးရီးယား ပြည်နယ် အလယ်ပိုင်းရှိ မယ်ရီဘရော့မှ ၎င်း၏ ပိုင်ရှင်များသည် ကြောင်ထီးလေး ပျောက်နေသည်မှာ (၃)ရက် ကြာနေပြီဖြစ်သဖြင့် စိတ်ပူနေစဉ် ယခုကဲ့သို့ သနားစရာ ကြောင်ကလေးအား မမျှော်လင့်ဘဲ ပြန်တွေ့ ရခြင်းဖြစ်သည်။

ကြောင်လေးအား ဆေးဝါး ကုသပေးပြီးနောက် မျက်နှာနှင့် ခေါင်းအတွင်း စိုက်ဝင်နေသည့် လေသေနတ် ကျည်ဖူး (၁၃)ခုအား ဆရာဝန်များက ထုတ်ပေးခဲ့သည်။ ယခုအခါ Smokey ၏ အခြေအနေသည် တစထက်တစ ပြန်လည် ကောင်းမွန် လာနေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here