ရစ်ဘာရီ ရီးရဲလ်သို့ ပြောင်းမည်မဟုတ်ဟု ဘေယန်မှ ရော်ဘင် ပြောကြား

alt

ရီးရဲလ် မက်ဒရစ်မှ ဂျာမန် ကလပ် ဘေယန် မြူးနစ်သို့ ပြောင်းရွှေ့ လာသည့် အာဂျန် ရော်ဘင်က ၎င်း၏ ဘေယန် ကစားဖော် ဖရန့်ရစ်ဘာရီ သည် ဘေယန်ကို စွန့်ခွာပြီး ရီးရဲလ်သို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း

အာမခံ ပြောကြား လိုက်သည်။

စပိန်ထိပ်သီး ရီးရဲလ် သည် ထိပ်တန်း ကစားသမား အများ အပြားကို ၀ယ်ယူ လိုက်ပြီးနောက် ကြွေးမြီ ယူရို (၃၇၅) သန်း တင်ရှိ နေသော်လည်း ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူ ရစ်ဘာရီကို ခေါ်ယူရန် ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်သည်။

ရော်ဘင်သည် ဘေယန်သို့ ပြောင်းရွှေ့ လာပြီးနောက် ရစ်ဘာရီနှင့် အတွဲညီညီ ခြေစွမ်းပြလျှက် ရှိပြီး ၎င်း၏ ကစားဖော်သည် ဂျာမန်မြေတွင် ဆက်ရှိနေမည်ဟု ယုံကြည်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ အသက် (၂၆)နှစ်ရှိ ဟော်လန် လက်ရွေးစင် တောင်ပံ တိုက်စစ်မှူးက ၎င်းသည် ရစ်ဘာရီအား ဘေယန်တွင်ပင် ဆက်နေရန် အကြံပေးခဲ့ကြောင်း၊ အဘယ်ကြောင့် ဆိုသော် ၎င်းသည် ရစ်ဘာရီနှင့် တွဲကစားချင်သေး၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရစ်ဘာရီသည် ဘေယန်နှင့် (၂၀၁၁) ခုနှစ်တွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး ဘေယန်က ၎င်းအား စာချုပ်သက်တမ်း တိုးရန် ကြိုးစားနေသော်လည်း ယခုတိုင် မအောင်မြင်သေးကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here