AIDS ကာကွယ် ကုသဆေး စမ်းသပ်မှု ရလဒ်ကောင်းများ ထွက်ပေါ်

alt

သုတေသီ များက လက်ရှိစမ်းသပ် နေသည့် AIDS ရောဂါ ကာကွယ် ကုသ ဆေးသည် ရလဒ်ကောင်းများ ထွက်ပေါ် နေကြောင်း စက်တင်ဘာ (၂၄)ရက် နေ့က ကြေညာ လိုက်သည်။

ထိုဆေးသည် ရောဂါ ကူးစက်မှုကို (၃၁) ရာခိုင်နှုန်း အထိ လျှော့ချ နိုင်ကြောင်း သိရှိရသည်။ ထိုင်းနိုင်ငံမှ ဆန္ဒ အလျှောက် စာရင်း ပေးခဲ့ သူများအား လေ့လာ ခဲ့ပြီးနောက် ယင်း ဆေး ထိုးနှံခဲ့သူ (၃)ပုံ (၁)ပုံမှာ AIDS ရောဂါ ကူးစက်မှုကို တားဆီးနိုင်ကြောင်း ဖော်ထုတ် နိုင်ခဲ့သည်။

ကမာ္ဘပေါ်တွင် အကျယ်ပြန့်ဆုံး AIDS ကာကွယ်ဆေး ထိုးနှံ စမ်းသပ်မှုအဖြစ် မှတ်တမ်း ၀င်ခဲ့သော ယခု စမ်းသပ်မှုတွင် ထိုင်းနိုင်ငံသား (၁၆၀၀၀)ကျော် တို့မှာ စေတနာ အလျှောက် ဆေးထိုးစမ်းသပ် ခံခဲ့ကြသည်။

ယခု စမ်းသပ်မှုကို အမေရိကန် ကျန်းမာရေး ဌာနနှင့် ထိုင်းနိုင်ငံ ပြည်သူ့ ကျန်းမာရေး ၀န်ကြီးဌာနတို့က ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here