နယူးယောက် နိုက်ကလပ်မှာ လင်ဆေးလိုဟန်ကို မက်ဒေါနား ပညာပြ နောက်ကောက် ချလိုက်

alt

နယူးယောက်မြို့  နိုက်ကလပ် တခု အတွင်း ရောက်ရှိနေသော မက်ဒေါနား သည် လင်းဆေးလိုဟန်အား သူမ ရှိနေသည့် VIP ခုံတန်းသို့ ပေးမထိုင် ခဲ့ကြောင်း သိရှိရသည်။

အသက်(၅၀) အရွယ်ရှိ Pop ဂီတ ဘုရင်မကြီးသည် Mean Girl စတား အဆိုတော် ရုပ်ရှင် မင်းသမီးလေး ရောက်ရှိ လာချိန်တွင် သူမ၏ ကိုယ်ရံတော် တပ်ဖွဲ့အား လိုဟန့်ကို VIP ခုံတန်းသို့ ပေးမဝင်ရန် တားဆီး ခိုင်းခဲ့ခြင်း ဖြစ်သည်ဟု နယူးယောက်မှ လာသော သတင်းများတွင် ဖေါ်ပြ ထားသည်။

Standard ဟိုတယ်ရှိ နိုက်ကလပ်သို့ မက်ဒေါနားသည် သူမ၏ ချစ်သူ ဂျီးဇက်လုစ်နှင့် အတူ ရောက်ရှိလာပြီး ဂျွန်ဘွန်ဂျိုဗီ၊ ဂျယ်ရီဆိန်းဖီး၊ ဂျုလော၊ ဂျို့ဟားနက် တို့နှင့်အတူ ရှိနေစဉ် လိုဟန်က ထပ်မံ ရောက်ရှိလာခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး အချို့က မက်ဒေါနားသည် နောက်ပေါက် မင်းသမီးလေး လင်းဆေးအား တမင်တကာ နှိမ်လိုက်ခြင်း ဖြစ်ကြောင်း ဝေဖန်ခဲ့သော်လည်း မက်ဒေါနားက တစုံတရာ တုန့်ပြန်ပြောဆိုခြင်း မရှိခဲ့ပေ။

မက်ဒေါနား၏ သူငယ်ချင်း အချို့က လိုဟန်သည် နာမည်ကြီး တဦးပင် ဖြစ်လင့်ကစား မက်ဒေါနားနှင့် ရင်းနှီးသူ မဟုတ်သောကြောင့် ပေးမထိုင်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း Pop အဆိုတော်ဘက်မှ ကာကွယ် ပြောကြားလိုက်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here