မြန်မာ နိုင်ငံသားတဦး ပြန်ပေးဆွဲခံရမှု မလေးရှားတွင် စတင်စစ်ဆေး

alt

မလေးရှားနိုင်ငံ တရားရုံး တခုက မလေး စစ်သားနှစ်ဦး နှင့် မြန်မာ နိုင်ငံသား တဦးတို့အား မြန်မာ နိုင်ငံသား တဦးကို ရင်းဂစ်ငွေ (၂၄၀၀၀)ဖြင့် ပြန်ပေးဆွဲခဲ့မှု အတွက် စတင် စစ်ဆေးနေပြီ ဖြစ်သည်။

အသက် (၂၈)နှစ် ခန့်စီ ရှိကြသော ဒုဗိုလ် ရှန်ကာ ကရစ်ရှနန် နှင့် ၎င်း၏ဇနီးသည် ဒုဗိုလ် လာလီသာ ပါရာမာဆီဗန် တို့နှစ်ဦးလုံးနှင့် စိုးသန့်မြင့် (အသက် – ၁၇နှစ်) တို့ (၃)ဦးသည်  အောင်နိုင်ဦး(အသက်-၃၀) အား ပြန်ပေး ဆွဲခဲ့ကြောင်း  ယူဆသည်ဟု အစိုးရ ရှေ့နေများက ရုံးတော်၌ စွပ်စွဲထား လိုက်ပြီဖြစ်သည်။

ရဲ စုံထောက်ချုပ် ဖကာရူလာဖီ အစ်ဇမေးလ် က ရုံးတော်အား ဦးတိုက်၍ စွပ်စွဲ ထားလိုက်ခြင်း ဖြစ်သည်ဟု သိရှိရပြီး၊ CID အကြီးအကဲ မော့ဇာကရီ က ရဲတပ်ဖွဲ့သည် အောင်နိုင်ဦး အတွက် ပေးချေထားသည့် ပြန်ပေး ငွေကိုလည်း ပြန်လည် ရရှိခဲ့ကြောင်း တရားရုံးတွင် လျှောက်လှဲခဲ့သည်။

ကွာလာမူဒါ ခရိုင် ရဲတပ်ဖွဲ့က အသက်(၂၇)နှစ် အရွယ် ဘက်မန်နာသန် ဂန်နာဆက်ဂါရန် နှင့် ဇနီးသည် အသက် (၂၅)နှစ် အရွယ် ဒယ်လီကာ မီနမ်ဆူသာနမ် တို့အား ပြန်ပေးမှုတွင် ပူးပေါင်း ပါ၀င်ခဲ့သည်ဟု ရဲတပ်ဖွဲ့မှ ယူဆကာ မသင်္ကာမှုဖြင့် ဖမ်းဆီးရန် စုံစမ်း စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here