လပေါ်တွင် ရေရှိနိုင်ဟု အိနိ္ဒယ လကမ္ဘာ စူးစမ်းရေးအဖွဲ့ ပြောကြား

alt

အိနိ္ဒယ၏ လကမာ္ဘ စူးစမ်းရေး မစ်ရှင် Chandrayaan – I သည် လပေါ်တွင် ရေ ရှိနိုင်သော အထောက်အထား များအား ထောက်လှမ်း တွေ့ရှိခဲ့ပြီ ဖြစ်သည်။

စက်တင်ဘာလ (၂၄)ရက် နေ့က အိန္ဒိယ အာကာသ လေ့လာရေး အေဂျင်စီက လ၏ သတ်မှတ်မြေပုံ (M3) ကို လေ့လာပြီးနောက် လပေါ်တွင် ရေရှိကြောင်း ခိုင်ခိုင်မာမာ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်း အထောက်အထား များကို Chandrayaan-I က ရှာဖွေ တွေ့ရှိလာခြင်း ဖြစ်သည်။ ၎င်းသည် အလင်းပြန်မှုများမှ လှိုင်းအလျားများကို တိုင်းတာပြီး ဟိုက်ဒြိုဂျင်နှင့် အောက်ဆီဂျင်တို့ ပေါင်းစပ်ထားသည့် ဓာတုဗေဒ ဓာတ်ပေါင်း များကို ယခုလိုရှာဖွေ တွေ့ရှိလာခဲ့သည်။

ယခု ရလဒ်ကြောင့် နှစ်ပေါင်း(၄၀) လုံးလုံး လမျက်နှာ ပေါ်တွင် ရေရှိမရှိ သံသယ ပွားနေသည့် ကမာ္ဘအရပ်ရပ်မှ သိပ္ပံပညာရှင်များ အတွက် ရှင်းရှင်းလင်းလင်း အဖြေတခုကို ဖော်ထုတ် လိုက်နိုင်ခြင်း ဖြစ်သည်။ သိပ္ပံပညာရှင် များသည် အပိုလို အာကာသ ယာဉ်မှူးများ လပေါ်မှ အမှတ်တရ သယ်ဆောင်လာသည့် ကျောက်တုံးများကို လေ့လာပြီးနောက် လပေါ်တွင် ရေရှိနိုင်သည်ဟု စတင်သံသယ ရှိလာကြသည်။

ယခု အခါတွင်မူ ထိုအချက်သည် အငြင်းပွားစရာ အနေအထား မဟုတ်တော့ကြောင်း အိနိ္ဒယနိုင်ငံက ဖော်ထုတ် ပေးလိုက်ပြီ ဖြစ်သည်။ သိပ္ပံ ပညာရှင်များက ကျောက်တုံးများတွင် ခိုကပ်နေသည့် အောက်စီဂျင်နှင့် လပေါ်တွင် သဘာဝအလျှောက် ရှိနေသော ဟိုက်ဒြိုဂျင် တို့မှာ နေ၏ ဖြာထွက်စွမ်းအင် ကျရောက်မှုကြောင့် ပေါင်းစပ်သွားပြီး ရေအဖြစ်သို့ ရောက်ရှိလာခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်လျှက် ရှိကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here