ရီးရဲလ် မက်ဒရစ် ယူရို(၃၂၇)သန်းဖြင့် အကြွေး နွံနစ်နေ

alt

ပြီးခဲ့သည့် နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်း ငွေသုံး ကြမ်းခဲ့သော စပိန်ထိပ်တန်း ဘောလုံးအသင်း ရီးရဲလ် မက်ဒရစ် မှာ အကြွေး နွံတွင်နစ် နေကြောင်း သိရှိရသည်။

အသင်း အာဏာပိုင်များက ၎င်းတို့သည် ဘောလုံးသမား ကောင်းများကို ကြေး မရှောင်ပေးပြီး ခေါ်ယူခဲ့သော လုပ်ရပ် များကြောင့် ယူရို (၃၂၇)သန်း ကြွေးတင်ရှိ နေကြောင်း ထုတ်ဖော် ၀န်ခံလိုက်သည်။

ကလပ်အသင်း ဥက္ကဌ ဖလော်ရင့် တီနို ပီရက်စ်က အစည်းအဝေး တခုအတွင်း ပြီးခဲ့သည့် နွေရာသီက အပြောင်းအရွှေ့ အသုံးစရိတ် များကြောင့် ယခုလို ကြွေးတင်နေခြင်း ဖြစ်ကြောင်း အတည်ပြု ပြောကြားသွားခြင်း ဖြစ်သည်။

ခရစ် စတီယာနို ရော်နာဒို၊ ရီကာဒို ကာကာ၊ ကီရင် ဘန်ဇီမား၊ ဇာဘီ အလွန်ဆို နှင့် ရောလ် အလွန်ဆို တို့အား ကြေးကြီးပေး ခေါ်ယူခဲ့သော ရီးရဲလ်သည် ထိုဘောလုံးသမားများ အတွက် ယူရိုသန်း (၂၅၀)ထက် မနည်း ပေးချေခဲ့ရသလို လစာ အသုံးစရိတ် မှာလည်း ကြီးကြီးမားမား ထိုးတက် လာခဲ့ရသည်။

ဥက္ကဌ ပီရက်စ်က အသင်းအနေနှင့် အောင်မြင်မှုများ ရရှိလာချိန်တွင် အကြွေး ပြဿနာမှာ အလိုလို ပြေလည် သွားမည်ဟု ဆိုသည်။ ရီးရဲလ်သည် အကြွေးပမာဏ အမြောက်အမြား တင်ရှိ နေသေးသော်လည်း စိတ်ပူပင်မှု လုံးဝမရှိဘဲ ယူရို(၄၂၂)သန်းကို ယခုနှစ် အသုံးစရိတ် အတွက် လျာထားသေးသည် ဟုဆို လိုက်သေးသည်။

ပီရက်စ်က ပြီးခဲ့သည့် ရာသီ ငွေကြေး စာရင်းချုပ်ပြီးပါက ရရှိလာသည့် အမြတ်အစွန်း များကြောင့် ကြွေးမြီပမာဏကို ယူရိုသန်း(၂၁၀) အထိ လျှော့ချနိုင်မည် မျှော်လင့်ထားသည်ဟု သူတို့၏ အနာဂတ် မျှော်လင့်ချက်ကို ချပြလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here