ဘူတန် နိုင်ငံတွင် ငလျင်ပြင်း လှုပ်ခတ်သွားခဲ့

alt

ပြင်းအားအဆင့် (၆.၁) ရစ်ချ်တာ စကေးရှိသော ငလျင်ကြီးတခု လှုပ်ခတ် သွားရာ ဘူတန် နိုင်ငံတွင် လူ(၁၀)ဦး ထက်မနည်း သေဆုံးသွားကြောင်း သိရှိ  ရသည်။

စက်တင်ဘာလ (၂၁)ရက် နေ့က လှုပ်ခတ်သွားသော ငလျင်ကြောင့် ဘုရားကျောင်းများ၊ တိုက်တာ အဆောက်အအုံများ ပြိုလဲ ပျက်စီးခဲ့ကြောင့် ဘူတန် သတင်းများက ကြေညာ သွားခဲ့သည်။

ဆမ်ဒရပ် ဂျွန်ခါအရပ်တွင် ဘူတန်သို့ ခေတ္တ ရောက်ရှိနေသည့် အိန္ဒိယလူမျိုး (၃)ဦးတို့ သေဆုံးခဲ့သလို သီမူပီမြို့ရှိ အဆောက်အအုံ(၂)ခု ပြိုကျသွားရာမှ လူပေါင်း(၇)ဦး ထပ်မံ သေဆုံးခဲ့သည်။ သီမူပီမြို့ အရှေ့ဘက် ကီလိုမီတာ (၁၈၀)အကွာ မြေအနက်(၇.၂) ကီလိုမီတာသို့ ဦးတည် လှုပ်ခတ်ခဲ့သည့် ငလျင်ကို အိန္ဒိယ၊ တရုတ်နှင့် ဘူတန် နိုင်ငံများက ခံစား သိရှိခဲ့သည်။

ဘူတန်ရှိ သဘာဝ ဘေးအန္တရာယ် အရေးပေါ်ဌာနမှ ကယ်ဆယ်ရေး ၀န်ထမ်းများသည် အဆောက်အအုံ အပျက်အစီးများကြား သေဆုံး၊ ဒဏ်ရာ ရသူများကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်သည်။ ဘူတန် ပြည်ထဲရေး ၀န်ကြီး လင်နို ပိုမင်ဂျာ ဒေါ်ရီက အစိုးရအနေနှင့် ငလျင်ဒဏ်ခံ ဒေသများသို့ ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ ပေးပို့ရန် အလျင်အမြန် ဆောင်ရွက်နေကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

ထို့အပြင် ငလျင်ကြောင့် မြေပြိုခြင်း၊ လျှပ်စစ်မီးများ ပြတ်တောက် သွားခြင်းစသည့် အခြေအနေများကိုလည်း ကြံုတွေ့ရပြီး သေဆုံးသူ ဦးရေ တိုးများ လာမည်ကိုလည်း အာဏာပိုင် များက စိုးရိမ်လျှက် ရှိနေကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here