အင်ဒိုနီးရှား အစ်ပွဲတော် ယာဉ်မတော်တဆ မှုကြောင့် လူအများ အပြားသေဆုံး

alt

အင်ဒိုနီးရှား နိုင်ငံတွင် မွတ်ဆလင်  ဘာသာရေး အစ်ပွဲတော် ရုံးပိတ်ရက်များ အတွင်း ပျော်ရွှင်စွာ ဆင်နွှဲကြရာမှ လမ်းမ များပေါ်တွင် ယာဉ် မတော်တဆမှုများ ဖြစ်ပွားရာ လူပေါင်း (၃၀၀)ကျော် သေဆုံး သွားခဲ့ရကြောင်း သိရှိရသည်။

စက်တင်ဘာ (၁၃)ရက် နေ့မှ (၂၀)ရက်နေ့ အထိ ယာဉ်တိုက်မှုပေါင်း (၈၉၃)ခု ဖြစ်ပွားခဲ့ပြီး လူ(၃၁၂)ဦး သေဆုံးခဲ့ကြောင်း အင်ဒိုအမျိုးသား ရဲတပ်ဖွဲ့ ပြောရေး ဆိုခွင့်ရပုဂ္ဂိုလ် အီကီတက် အန်တောင် ယိုဂါအန်နာက ပြောကြားလိုက်သည်။

အင်ဒိုနီးရှား နိုင်ငံမှ မွတ်ဆလင် ဘာသာဝင် (၂၇)သန်းကျော် တို့သည် ရာမန်ဒါ ဥပုသ်လ ပြီးဆုံးချိန်တွင် အစ်ပွဲတော်ကို ပျော်ရွှင်စွာ ဆင်နွှဲ ခဲ့ကြသော်လည်း မလိုလားအပ်သည့် မတော်တဆမှုများ ပေါ်ပေါက် လာခြင်းကြောင့် ယခုကဲ့သို့ အသေအပျောက် များခဲ့ခြင်း ဖြစ်သည်။

ယိုဂါအန်နာက မြို့ကြီးများသို့ အလည်အပတ် လာရောက်ကြသော မွတ်ဆလင် ဘာသာဝင် သန်းပေါင်းများစွာ နေရပ် ပြန်ကြချိန်တွင် သေဆုံးသူ အရေအတွက်မှာ ယခုထက် မြင့်တက် လာနိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။ နှစ်စဉ် နှစ်တိုင်း မော်တော်ဆိုင်ကယ်ဖြင့် အစ်ပွဲတော်ကို ဆင်နွှဲကြသူ အရေအတွက် များပြား လာခြင်းသည်လည်း လူသေဆုံးမှု မြင့်တက်လာခြင်း၏ အကြောင်းရင်း တခုဖြစ်ကြောင်း သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ထောက်ပြ ပြောကြားခဲ့သည်။

ကောက်ခံ ရရှိထားသော အချက် အလက်များအရ အစ်ပွဲတော် အတွင်း အင်ဒိုနီးရှားတွင် လူအများဆုံး သေဆုံးခဲ့သည်မှာ ယမန်နှစ်က ဖြစ်ပြီး အနည်းဆုံးလူ (၅၂၈)ဦး အထိ သေဆုံးခဲ့ရကြောင်း အင်ဒိုချိုင်းနား ကျွန်းဆွယ်မှ လာသော သတင်းများအရ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here