မိုက္ကရိုဆော့(ဖ်) ဝင်းဒိုး OS နှင့် ဂူးဂဲလ် Dos OS အပြိုင် ဖြစ်လာ

alt

ကွန်ပျူတာ Operating System လောကကို နှစ်ပေါင်းများစွာ လက်ဝါးကြီး အုပ်ထား နိုင်ခဲ့သော်လည်း Microsoft ၏ Windows စံနစ်များသည် ယခုအခါ Google ၏ ဖိအားပေးမှုနှင့် စတင် တွေ့ကြံုလာရပြီ ဖြစ်သည်။

IDC မှ ကောက်ခံသော သုတေသန စစ်တမ်းများက Google ၏ အခမဲ့ Dos OS များကို ကုမ္မဏီကြီးများက အသုံးပြုမှု ပိုများလာကြောင်း ဖော်ထုတ် တွေ့ရှိခဲ့သည်။

အမေရိကန် ဈေးကွက်အတွင်း ကုမ္မဏီငယ် (၂၀) ရာခိုင်နှုန်း ကျော်သည် Windows 7 ကို မဝယ်တော့ဘဲ အခမဲ့ Google ၏ Dos OS ဖြစ်သည့် GOOG ကိုသာ အသုံးပြုရန် ပြင်ဆင်နေကြောင်း IDC က ဆိုသည်။ ထို့အပြင် Google ၏ Dos OS ကြောင့် ယမန်နှစ်နှင့် နှိုင်းယှဉ်ပါက Dos စနစ်ကို သုံးစွဲသူ (၆)ရာခိုင်နှုန်း နီးပါး တိုးပွားလာကြောင်း သိရသည်။

Microsoft အနေနှင့် Google ၏ OS အပေါ် လူအများ အာရုံစိုက်မှု မြင့်တက်လာမှု အပေါ် စိုးရိမ်သင့်ကြောင်း IDC က ထောက်ပြခဲ့ပြီး ၎င်းတို့သည် Windows စံနစ်အား စွဲမြဲစွာ သုံးစွဲခဲ့သည့် ကုမ္မဏီ (၂၆၂) ခုအား စစ်တမ်း ကောက်ခံခဲ့ရာ (၂၇) ရာခိုင်နှုန်းကို အနာဂတ်တွင် Dos စံနစ်ကိုသာ သုံးစွဲသွားရန် စဉ်းစားနေကြောင်း ဖြေကြားခဲ့သည်ဟု သတင်းထုတ်ပြန် ခဲ့သည်။

သို့သော်လည်း ကုမ္မဏီ ၀န်ထမ်းများမှ ရာခိုင်နှုန်း အများစု ကမူ Windows စံနစ် နေရာတွင် GOOG ၀င်ရောက်လာမည်ကို လိုလားခြင်း မရှိကြကြောင်းလည်း IDC က သူတို့၏ ရလဒ်ကို ပြောကြား သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here