မလေးရှား ရဲတပ်ဖွဲ့မှ ပြန်ပေးဆွဲခံ မြန်မာတဦးအား ကယ်တင်နိုင်ခဲ့

alt

မလေးရှား ရဲတပ်ဖွဲ့သည် ယခုလ အစောပိုင်းက ပြန်ပေးဆွဲ ခံရသည့် မြန်မာလူမျိုး တဦးအား ယမန်နေ့က ၀င်ရောက် ကယ်ဆယ် ခဲ့ပြီးနောက် အမျိုးသမီး (၂)ဦး ပါ၀င်သည့် လူ(၇) ဦးအား ဖမ်းဆီးလိုက်ကြောင်း သိရှိ ရသည်။

အထူး ရဲတပ်ဖွဲ့သည် ပီကန်ဆန် ဂိုင်လာလန်ရှိ နေအိမ် တလုံးအား ၀င်ရောက် စီးနင်းပြီး နောက် မြန်မာ လူမျိုး (၂)ဦးနှင့် မလေးရှား (၅)ဦးတို့ ဂိုဏ်းဟု ယူဆရသော သူများအား ဖမ်းဆီးနိုင်ခဲ့ကြောင်း အတည်ပြုခဲ့သည်။

ပြန်ပေးဆွဲ ခံရသည့် အသက် (၃၀)အရွယ် အောင်နိုင် ဆိုသူကို လက်နှင့် ခြေထောက်တွင် ကြိုးများ တုပ်လျှက်သား တွေ့ရှိရကြောင်း CID အကြီးအကဲ ဇာကရီယာ အာမက် က ဆိုသည်။ အောင်နိုင်အား ကယ်တင် နိုင်ခဲ့သလို ပြန်ပေးငွေ အဖြစ် ပေးချေခဲ့ရသည့် မလေးရှားငွေ ရင်းဂစ် (၂၄၀၀၀)မှ ဟု ယူဆရသော ငွေ(၂၃၈၅၀) ကိုလည်း ပြန်လည် သိမ်းဆည်း နိုင်ခဲ့သည်။

အောင်နိုင်သည် စက်တင်ဘာ (၇)ရက်နေ့ ကတည်းက ပျောက်ဆုံး သွားပြီးနောက် မလေးရှားငွေ (၂၄၀၀၀)နှင့် ပြန်ရွေးရန် အကြောင်းကြား ခံရသည်။ ရဲတပ်ဖွဲ့သည် အောင်နိုင် အတွက် ကနဦး စုံစမ်းမှုများ ပြုလုပ်ပြီးနောက် ၎င်းအား မြန်မာလူမျိုး (၂)ဦးနှင့် မလေးရှား နိုင်ငံသား စုံတွဲတတွဲ တို့က လှည့်ဖြား ခေါ်ဆောင်သွားကြောင်း ခြေရာခံမိရာမှ ယခုကဲ့သို့ တရားခံများအား ဖမ်းဆီး လိုက်နိုင်ခြင်း ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here