ရီဟားနားနှင့် ဂျက်စတင် တင်းဘားလိတ်တို့ ချစ်သူ ဖြစ်နေကြပြီဟု ဆို

alt

ရီဟားနား နှင့် ဂျက်စတင် တင်းဘားလိတ် တို့ ချစ်သူများ ဖြစ်နေကြပြီ ဟူသော သတင်းမှာ ဟောလီးဝုဒ် သတင်းရပ်ကွက် များမှ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ် လာနေကြောင်း သိရှိရသည်။

ဟောလီးဝုဒ် အတင်းအဖျင်း ၀ဘ်ဆိုဒ် များက Pop အဆိုတော် တင်းဘားလိတ် သည် ချစ်သူမင်းသမီး ဂျက်ဆီကာဘေး နှင့် လမ်းခွဲကာ ရီဟားနား နှင့် စုံတွဲခုတ်ရန် ဟန်ပြင် နေကြောင်း ဖော်ပြလျှက် ရှိကြသည်။

အသက် (၂၁)နှစ်ရှိ R&B အဆိုတော် မလေး ရီဟားနား သည် ခရစ်ဘရောင်း နှင့် လမ်းခွဲပြီးနောက် ယခုတိုင် ချစ်သူ အတည်တကျ မရှိသေးပေ။ ဘာဘေးဒိုး ကျွန်းဖွား အလှမယ်လေး နှင့် တင်းဘားလိတ် တို့သည် ယခင် ကတည်းက သူငယ်ချင်းများ ဖြစ်နေ ကြသော်လည်း ယခုအခါ အဆင့် တက်ရန် ပြင်နေကြပြီဟု တင်းဘားလိတ်၏ မိတ်ဆွေ အချို့က ခန့်မှန်း ထားကြသည်။

တင်းဘားလိတ်သည် အမ်မီ ဆုပေးပွဲသို့ ချစ်သူဘေး ကိုမခေါ်ဘဲ တက်ရောက် လာပြီးနောက် ၎င်းတို့နှစ်ဦး၏ အချစ် ဇာတ်လမ်းမှာ ဆုံးခန်းတိုင်ရန် နီးစပ်နေပြီဟု သတင်းများက သုံးသပ် ဖော်ပြခဲ့ကြသည်။

ထိုစဉ်က တင်းဘားလိတ်က ဘေးမှာ အအေးမိ ဝေဒနာ ခံစားနေရသဖြင့် ခေါ်မလာခြင်းသာ ဖြစ်ကြောင်း ကာကွယ် ပြောဆိုထားသည်။ ယခုကဲ့သို့ တင်းဘားလိတ် နှင့် ရီဟားနား တို့၏သတင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် နေသော်လည်း ဘေးက တစုံတရာ မဝေဖန် သေးသလို ကာယကံရှင် နှစ်ဦးကလည်း မှတ်ချက် မပေးသေးကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here