အီရန် အဆင့်မြင့် ဒုံးကျည်လက်နက် အများပြည်သူအား ပြသ

alt

စက်တင်ဘာလ (၂၂)ရက် နေ့က တဟီရန် မြို့တော်တွင် ကျင်းပခဲ့သည့် စစ်ရေးပြ အခမ်းအနား အတွင်း အီရန် တပ်မတော်၏ အဆင့်မြင့် ဒုံးကျည် လက်နက်ကို ပြည်သူများအား ပထမဆုံး အကြိမ် ပြသခဲ့ကြောင်း

ဒေသခံ Fars သတင်းဌာနက ဖော်ပြခဲ့သည်။

Fars ၏ အဆိုအရ ယင်း ဒုံးကျည်သည် ကီလိုမီတာ (၂၀၀၀) အကွာအထိ ပျံသန်း ရောက်ရှိနိုင်ပြီး ကွယ်လွန်ပြီး ဖြစ်သည့် ဘာသာရေး ခေါင်းဆောင် အီမမ်ခိုမေနီ၏ ဂူဗိမာန်အနီး ခင်းကျင်း ပြသထားကြောင်း သိရှိရသည်။

ထိုနေရာတွင် အီရန် လက်နက်ကိုင် တပ်ဖွဲ့များ၏ စစ်ရေးပြ ချီတက်ပွဲကိုလည်း တခမ်းတနား ကျင်းပ ပြုလုပ်ခဲ့သေးသည်။ ပြသထားသည့် ဒုံးကျည်မှာ ဆက်ဂျီ ဒုတိယမျိုးဆက် ဒုံးကျည်ဖြစ်ပြီး မေလ အတွင်းက အီရန်တို့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်နိုင်ခဲ့ကြောင်း ကြေညာထားသည့် အမျိုးအစား ဖြစ်သည်။

လောင်စာဆီခဲကို အသုံးပြုရသည့် ယင်း ဒုံးကျည်များသည် အီရန်၏ ရှီဟက် ဒုံးကျည်များ ကဲ့သို့ အရေးပါသော လက်နက်များ ဖြစ်လာမည်ဟု Fars က ဆိုသည်။ အီရန်သည် ရှီဟက်-၃ အမျိုးအစား ဒုံးကျည်ကို ကီလိုမီတာ (၂၀၀၀) အကွာရှိ ပစ်မှတ်သို့ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ပြီး ဖြစ်ကြောင်းလည်း သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here