လက်တင် အမေရိကားမှ ဟွန်းဒူးရပ်(စ်) နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်နေပြန်

alt

နိုင်ငံတွင်း ပြန်လည် ရောက်ရှိနေသည့် သမ္မတဟောင်း မန်နျူရယ် ဇီလာရာ ရောက်ပြီး နောက်တနေ့   ဟွန်းဒူးရပ် နိုင်ငံတွင် စက်တင်ဘာလ (၂၂)ရက်နေ့ မှစပြီး အခြေအနေ မငြိမ်မသက် ဖြစ်လာ၍ ညမထွက်ရ အမိန့်

ထုတ်ပြန် ထားလိုက်ပြီဟု သိရသည်။

မြို့တော် တီဂူဆီဂလာပါ ရှိ ဘရာဇီး သံရုံးတွင် ဇီလာရာ ပြန်လည် ရောက်ရှိနေပြီး နောက် ၎င်းအား ထောက်ခံသူ များက သံရုံးရှေ့တွင် စုရုံးနေစဉ် စစ်တပ်ဖြင့် အာဏာ သိမ်းထားသည့် အစိုးရ၏ ရဲတပ်ဖွဲ့ များက မီးခိုးဗုံးများ၊ နံပါတ် တုတ်များဖြင့် လူစုခွဲရန် ကြိုးပမ်းပြီးနောက် မြို့တော် လမ်းမများမှာ တိ်တ်ဆိတ် ခြောက်ကပ်လျှက် ရှိသည်။

မျက်မြင်များက ဖြတ်သွားဖြတ်လာ လုပ်နေသော ကားအချို့မှ  လွဲပြီး လမ်းမများတွင် ငြိမ်သက်နေခဲ့ပြီး ဘဏ်များ၊ ကျောင်းများ၊ ဈေးများ၊ အလုပ်ဌာန များနှင့် ဓာတ်ဆီ အရောင်းဆိုင်များ အားလုံးလိုလိုလည်း ပိတ်ထားကြောင်း ပြောကြားခဲ့သည်။ စက်တင်ဘာလ (၂၂)ရက် နေ့က ရဲနှင့် စစ်သားများသည် ဘရာဇီး သံရုံးရှေ့မှ ဇီလာရာအား ထောက်ခံအားပေး ဆန္ဒပြနေသူများကို အတင်းအကြပ် လူစုခွဲမှုများနှင့် ယခုကဲ့သို့ စတင်ခဲ့ခြင်း ဖြစ်သည်။

စစ်အင်အားဖြင့် အာဏာ သိမ်းခံရသည့် သမ္မတဟောင်းအား ထောက်ခံအားပေးသူ (၁၄၃)ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီး ဘရာဇီး သံရုံးနှင့် အနီးတဝိုက်တွင်လည်း အချက်ပေး ခေါင်းလောင်းများ တပ်ဆင် ထားလိုက်ကြောင်း သိရှိရသည်။ ဇီလာရာ အား လက်ခံထားသည့် အတွက် ဘရာဇီး နှင့် ဟွန်းဒူးရပ် အာဏာသိမ်း အစိုးရကြားတွင် မကြေလည်မှုများ တိုးပွားလာနေပြီး ဘရာဇီးက မိမိ၏သံရုံး လုံခြံုရေးအတွက် အာမခံချက် ရရှိစေရန် ကုလသမဂ္ဂထံသို့ စာရေး ပန်ကြားထားပြီး ဟွန်းဒူးရပ် နိုင်ငံရေးအတွက် အရေးပေါ် အစည်းအဝေး ကျင်းပ ပေးပါရန်လည်း တိုက်တွန်း ထားလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here