ဗြိတိန်တွင် နျူစွမ်းအင်သုံး ရေငုပ်သင်္ဘော အရေအတွက် လျော့ချသွားရန် ပြင်ဆင်နေ

alt

ဗြိတိန် ၀န်ကြီးချုပ် ဂေါ်ဒွင် ဘရောင်း သည် ဗြိတိန် တပ်မတော်တွင် လက်ရှိ အသုံးပြု နေသော နျူကလီးယား စွမ်းအင်သုံး ရေငုပ်သင်္ဘော အရေအတွက် ကို လျှော့ချ သွားရန် ပြင်ဆင် နေကြောင်း သိရှိ ရသည်။

ယင်း ကိစ္စသည် ၀န်ကြီးချုပ်၏ နျူကလီးယား စွမ်းအင် သုံးစွဲမှု လျှော့ချရေး စီမံကိန်း၏ အရေးပါသော ခြေလှမ်း တခုလည်း ဖြစ်လာကြောင်း ၀န်ကြီးချုပ် အိမ်တော်ရှိရာ ဒေါင်းနင်းလမ်း အသိုင်းအဝိုင်း က စက်တင်ဘာ (၂၃)ရက် နေ့တွင် အတည်ပြု ပြောကြားလိုက်သည်။

နျူကလီးယား စွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော အရေအတွက်ကို (၄)စင်းမှ (၃)စင်းသို့ လျှော့ချရန် ၀န်ကြီးချုပ် အနေနှင့် သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ထိုကိစ္စအား စက်တင်ဘာ (၂၄)ရက် နေ့တွင် ၀န်ကြီးချုပ် ဘရောင်း ကိုယ်တိုင် ကြေညာမည် ဖြစ်ကြောင်း အစိုးရအိမ်တော် ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြု ပြောဆို သွားခဲ့သွားသည်။

ဘရောင်းသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် နျူကလီးယား လက်နက် ကင်းစင်သော ကမာ္ဘကြီးအား တွေ့မြင်လိုကြောင်း ပြောကြား သွားခဲ့သေးသည်။ ဘရောင်း၏ ဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး အမေရိကန် သမ္မတ ဘာရက် အိုဘားမား ကလည်း ကြိုဆိုကြောင်း ပြောကြားခဲ့ပြီး ဗြိတိန်သည် အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ တရုတ်၊ ရုရှား တို့နှင့်အတူ အီရန် ၏ နျူကလီးယား စီမံကိန်း အတွက် ညှိနှိုင်း ဆွေးနွေးမှုများ ပြုလုပ် သွားဦးမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here