ဆူဒန်နိုင်ငံ တိုက်ပွဲများ အတွင်း လူပေါင်းရာနှင့်ချီ သေဆုံး

alt

စက်တင်ဘာလ (၂၀)ရက် နေ့က ဆူဒန်နိုင်ငံ တောင်ပိုင်းတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ(၁၀၀)မျှ သေဆုံး သွားကြောင်း မျက်မြင် သက်သေများ နှင့် ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု တပ်ဖွဲ့များက ပြောကြား ခဲ့ကြသည်။

လူးနူအာ တပ်ဖွဲ့မှ ထောင်နှင့်ချီသော လက်နက်ကိုင် သူပုန် များသည် ဒက်ပါဒီယက် ကျေးရွာကို ဦးတည် တိုက်ခိုက်ခဲ့ကြပြီး လူပေါင်း (၁၀၀)ကျော်ကို သတ်ဖြတ် ပစ်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းတို့ အနက်မှ (၈၀)ကျော်သည် သာမန် ပြည်သူများ ဖြစ်ကြောင်း ဆူဒန် နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ မစ်ရှင်က မှန်ကန်ကြောင်း အတည်ပြုခဲ့သည်။ လူးနူအာ တို့သည် ပြီးခဲ့သည့် လက ဆူဒန်ရှိ အစိုးရ တပ်များနှင့် ထိပ်တိုက် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ရာ ၎င်းတို့တပ်သား (၁၈၅)ဦးထက် မနည်း ကျဆုံးခဲ့မှုကြောင့် ယခုလို တုန့်ပြန် တိုက်ခိုက်ခဲ့ခြင်း ဖြစ်နိုင်ဖွယ် ရှိသည်ဟု ယူဆနေကြသည်။

ဆူဒန်နိုင်ငံ တောင်ပိုင်းတွင် မွတ်ဆလင် အစွန်းရောက် တပ်ဖွဲ့များက အစိုးရထံမှ အာဏာကို လွှဲပြောင်းယူရန် ကြိုးစားရင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ယခုနှစ် အတွင်း လူပေါင်း (၂၀၀၀)ကျော် သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကုလသမဂ္ဂ၏ စစ်တမ်းများက ဖော်ပြနေသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here