ပါကစ္စတန်တွင် တာလီဘန် အကြမ်းဖက် ခေါင်းဆောင်တဦး ဖမ်းဆီးရမိပြန်

alt

ဆွက် တောင်ကြားရှိ တာလီဘန် အကြမ်းဖက် တပ်ဖွဲ့များမှ အရေး ပါသော ခေါင်းဆောင် တဦးအား ထပ်မံ ဖမ်းဆီးရမိ ခဲ့ကြောင်း ပါကစ္စတန် စစ်ဘက်က ကြေညာခဲ့သည်။

မိုဟာမက် နာဆင်ရှား (ခေါ်) အဘူဖာရက် သည် တာလီဘန် တို့၏ အသေခံ ဗုံးခွဲမှုများကို ကြိုးကိုင် ညွှန်ကြားသူဟု ယူဆရပြီး စက်တင်ဘာ (၂၁)ရက် နေ့က ဖမ်းဆီး ခံခဲ့ရသည်။

၎င်းသည် ပါကစ္စတန် စစ်တပ်က နောက်ဆုံး ဖမ်းဆီး ရမိသည့် တာလီဘန် ခေါင်းဆောင် မာလူနာ ဖက်ဇာလူလာ နှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး တရပ် ရှိနေကြောင်း စစ်ဘက် အရာရှိများက ဆိုသည်။ ၎င်းသည် ယခုနှစ် အစောပိုင်းက သေဆုံးသွားပြီဟု သတင်း ထွက်ခဲ့ သေးသော်လည်း တာလီဘန် တို့က ငြင်းဆန်ခဲ့သည်။

စစ်သွေးကြွများ ဘက်မှ အရေးအပါဆုံး ပုဂ္ဂိုလ်တဦး ဖြစ်သည့် မူဆလင်ခမ် မှာလည်း စက်တင်ဘာ (၁၁)ရက် နေ့က ဖမ်းဆီး ခံခဲ့ရသောကြောင့် ဆွက်ဒေသမှ တာလီဘန် တပ်များအတွက် အခြေအနေမှာ တစထက်တစ ယိမ်းယိုင်လာပြီ ဖြစ်သည်။

ယခု ဖမ်းမိသူ အဘူဖာရက် မှာ ယင်းဒေသ ပတ်ဝန်းကျင်တွင် မီးရထားများအား မိုင်းထောင် ဖျက်ဆီးခဲ့သည်ဟု ယူဆရကြောင်း တာဝန်ရှိသူ များက ဆိုသည်။

ပါကစ္စတန် တပ်မတော်သည် ဆွက်ဒေသရှိ တာလီဘန် ခေါင်းဆောင် များအား လက်ရ ဖမ်းဆီးနိုင်ရေး ဆက်လက် အားထည့် ကြိုးပမ်း နေဆဲဖြစ်ပြီး အဘူဖာရက်ကို မဖမ်းနိုင်မီ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့သလို အသေခံ ဗုံးသမား တဦးကလည်း မိမိကိုယ်ကို ဖောက်ခွဲပစ် ခဲ့သော်လည်း ကံကောင်း ထောက်မစွာဖြင့် အစိုးရ တပ်များဘက်မှ ထိခိုက်မှု တစုံတရာ မရှိခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here