ငလျင် လှုပ်ခတ်မှုကြောင့် မကွေးတိုင်းရှိ စေတီပုထိုး အချို့ပျက်စီး

alt

အင်အား (၅.၆)ခန့် ရှိနိုင်သော ငလျင်တခု စက်တင်ဘာ (၂၂)ရက်နေ့ အစောပိုင်းက လှုပ်ခတ်သွားခဲ့ရာ လူနေ အိမ်ခြေများ ထိခိုက်မှု မရှိခဲ့သော်လည်း ရှေးဟောင်း ဗုဒ္ဓဘာသာ စေတီ ပုထိုးများ ပျက်စီးခဲ့ကြောင်း သိရှိ ရသည်။

အင်အား အသင့်အတင့် ရှိသည့် ငလျင်သည် နံနက် (၂) နာရီက ရန်ကုန်မြို့ အနောက် မြောက်ဘက် မိုင်(၂၆၀) အကွာကို ဦးတည် လှုပ်ခတ် သွားပြီး မြန်မာနိုင်ငံ အနောက်ပိုင်းမှ မြို့အတော် များများက ခံစားသိရှိ နိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းတွင် စေတီ ပုထိုးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့သလို (၁၁)ရာစု လက်ရာများဟု ခန့်မှန်းရသည့် စေတီနှစ်ဆူလည်း အပါအဝင် ဖြစ်ကြောင်း သိရှိရသည်။

တဆူမှာ ရေနံချောင်း မြို့နယ်မှဖြစ်ပြီး ကျန်တဆူမှာမူ အုန်းပွဲတော်ကျေးရွာမှ ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ ငလျင်ကြောင့် အသေအပျောက် မရှိကြောင်း မြန်မာ အာဏာပိုင် များကဆိုပြီး၊ ငလျင်ကြောင့် စေတီပုထိုးများ ပျက်စီးခဲ့သော်လည်း အခြားမည်သည့် အတိုင်းအတာ အထိ ပျက်စီးမှုများ ရှိခဲ့ကြောင်းကိုမူ သတင်း အတိအကျ မရသေးကြောင်း ပြည်တွင်းမှ လာသော သတင်းများက ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here