စစ်အစိုးရ၏ နိုင်ငံခြားရေး ဝန်ကြီး အမေရိကန် ပြည်ဝင်ခွင့်ရ

alt

မြန်မာ စစ်အစိုးရ အဖွဲ့၏ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်းအား ၀ါရှင်တန် မြို့တော်ရှိ မြန်မာသံရုံးသို့ လာရောက် ခွင့်ပြုပါရန် မြန်မာ စစ်အစိုးရမှ တောင်းဆိုရာ အမေရိကန် အစိုးရက ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။

၎င်းသည် ကုလသမဂ္ဂ အထွေထွေ ညီလာခံ အတွက် နယူးယောက် မြို့တွင် ရောက်ရှိနေပြီး ၀ါရှင်တန် သို့ လာရောက် ချိန်တွင်လည်း အမေရိကန် ၏ မည်သည့် ထိပ်တန်း အုပ်ချုပ်ရေး အရာရှိနှင့်မျှ တွေ့ဆုံခွင့် ရမည် မဟုတ်ပေ။

နိုင်ငံခြားရေး ၀န်ကြီး အနေနှင့် ၀ါရှင်တန်ရှိ မြန်မာသံရုံုးသို့ လာရောက် လည်ပတ်ရန် ဧည့်လက်မှတ် ရရှိ ခဲ့ကြောင်း၊ အမေရိကန် အစိုးရအဖွဲ့မှ မည်သူတဦးမျှ ၎င်းအား လက်ခံ တွေ့ဆုံမည် မဟုတ်ကြောင်း အမည် မဖော်လိုသူ သံရုံးအရာရှိ တဦးက ဆိုသည်။

အမေရိကန်နှင့် မြန်မာနိုင်ငံကြား တင်းမာသော ဆက်ဆံရေး အခြေအနေ များသည် စစ်အစိုးရ၏ ရာစုနှစ် (၅)ခုကြာမျှ အာဏာသိမ်း အုပ်ချုပ် နေစဉ်အတွင်း တောက်လျှောက် ဆိုးရွားလာသလို ဒေါ်အောင်ဆန်းစုကြည် အား မတရား ဖမ်းဆီး ချုပ်နှောင်မှုများ ပြုလုပ်ခဲ့ပြီးနောက် အဆိုးရွားဆုံး အခြေအနေသို့ ရောက်ရှိ လာခဲ့သလို မြန်မာ စစ်အစိုးရအဖွဲ့မှ ထိပ်တန်းပုဂ္ဂိုလ် အတော်များများ မှာလည်း အမေရိကန် အစိုးရ၏ ပြည်ဝင်ခွင့် ပိတ်ပင်မှုကို ခံထားရသူများ ဖြစ်ကြသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here