ယခု ရာသီတွင် ဂိုး အများအပြား သွင်းနိုင်မည်ဟု ဒါရင် ဖလက်ချာ မျှော်လင့်ထား

alt

ယခု ဘောလုံး ရာသီတွင် ဂိုး အများအပြား သွင်းယူနိုင်ရန် မျှော်လင့် ထားကြောင်း မန်ချက်စတာ ယူနိုက်တက် ကွင်းလယ် ကစားသမား ဒါရင်  ဖလက်ချာ က ပြောကြား လိုက်သည်။

အသက် (၂၆)နှစ် ရှိပြီဖြစ်သည့် စကော့တလန် လက်ရွေးစင် အသင်း ခေါင်းဆောင်သည် စက်တင်ဘာ (၂၀)ရက် နေ့က မန်ချက်စတာ စီးတီးအား (၄-၃)ဖြင့် အနိုင်ရစဉ် (၂)ဂိုး သွင်းယူ ပေးခဲ့သည်။

၎င်းအနေနှင့် အသင်းအတွက် ပွဲထွက် ကစားခွင့် ပိုရလာသည် နှင့်အမျှ ဂိုးအများအပြား သွင်းနိုင်မည်ဟု ယုံကြည်ကြောင်း သတင်းထောက် များထံ ပြောကြား သွားသည်။ ဖလက်ချာသည် ယခုနှစ်တွင် ယူနိုက်တက်၏ အဓိက ကွင်းလယ် ဖန်တီးရှင် တာဝန်ကို ရယူထားပြီး ပွဲတိုင်း ခြေစွမ်းပြလျှက် ရှိသည်။

ယူနိုက်တက် နည်းပြကြီး ဆာအဲလက်(စ်) ဖာဂူဆန်က ထိုနေ့ပွဲစဉ်တွင် ခေါင်းတိုက်ပြီး (၂)ဂိုးသွင်း ပေးခဲ့သည့် ဖလက်ချာအား ချီးကျူးစကား ပြောကြား သွားသေးသည်။

ဖလက်ချာက ယခုနှစ် ရာသီတွင် အသင်းအတွက် ဂိုးများစွာ သွင်းပေး နိုင်မည်ဟု မျှော်လင့်မိကြောင်း၊ စီးတီးနှင့် ပွဲတွင်လည်း ဂိုးများရရှိအောင် ပံ့ပိုးပေးခဲ့သည့် အသင်း ကစားဖော်များအား ကျေးဇူးတင် မိကြောင်း၊ ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကိုလည်း ယူနိုက်တက်ပင် ဆက်လက် ဆွတ်ခူးနိုင်မည်ဟု ယုံကြည်ထားကြောင်း ပြောကြား သွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here