ကင်ညာ နိုင်ငံတွင် အပူချိန် လွန်စွာမြင့်မားနေ

alt

အာဖရိက တိုက်ရှိ ကင်ညာ နိုင်ငံတွင် အပူချိန် အလွန် မြင့်မားမှုကြောင့် ဆင် အကောင်ရေ အမြောက်အမြား သေဆုံး နေရကြောင်း ဒေသခံ တာဝန်ရှိသူ အဖွဲ့ အစည်းများက အတည်ပြု ကြေညာ ခဲ့သည်။

(၃)နှစ် အတွင်း ကာလအရှည်ဆုံး မိုးခေါင်ရေရှားမှုနှင့် ကြံုတွေ့ ရပြီး နောက် ဆင်များ အပါအဝင် တောရိုင်း တိရစာ္ဆန် အတော်များများ ရေငတ် မွတ်မှုကြောင့် သေကြေ ပျက်စီးနေရပြီး ဒေသခံများသည် ဆင်သေများမှ အသားနှင့် အစွယ်များကို ရယူလျှက် ရှိကြသည်။

စက်တင်ဘာ (၂၁)ရက် နေ့ထိ အပူချိန် လွန်ကဲမှုကြောင့် ကင်ညာရှိ ဆင်ကောင်ရေ (၂၄)ကောင် အနည်းဆုံး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း သဘာဝ ၀န်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေး အဖွဲ့များက အတည်ပြု ပြောဆို လိုက်သည်။

ဆင်များ စောင့်ရှောက်ရေး NGO အဖွဲ့တခုမှ တာဝန်ရှိသူ တဦးက နောက်ထပ် (၂)လမျှ ထပ်ပြီး မိုးခေါင်နေပါက အခြေအနေသည် ထိန်းမရ လောက်အောင် ဆိုးရွား သွားနိုင်ကြောင်း သုံးသပ် ပြောဆိုခဲ့သည်။ ရေရှားပြီး နေပူရှိန် အလွန် ပြင်းထန်သဖြင့် အပင်များ ညှိုးရော်ခြောက်သွေ့ သေဆုံး ကုန်ကြသလို တိရစာ္ဆန်များ အတွက်လည်း အစာရေစာ ပြတ်လပ်ကာ ယခုကဲ့သို့ ကောင်ရေများစွာ အသက်ဆုံးရှုံး လာရခြင်း ဖြစ်သည်။

ကျွမ်းကျင် သူများက ယခုနှုန်းအတိုင်း အပူချိန် မြင့်မားနေမည် ဆိုလျှင် နောက်ထပ် လပိုင်းအတွင်း လူများအတွက်ပါ စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာနှင့် ရင်ဆိုင် ရနိုင်ကြောင်း သတိပေး ပြောကြား ထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here