သွက်ချာပါဒ ရောဂါရှင်များ အတွက် သိပ္ပံပညာ စမ်းသပ်ချက် အောင်မြင်

alt

အမေရိကန် နိုင်ငံ၊ ကယ်လီဖိုးနီးယားမှ သိပ္ပံ ပညာရှင်များသည် ဆိုးဆိုးရွားရွား သွက်ချာပါဒ ဖြစ်နေသော ကြွက် တကောင်အား လမ်းပြန် လျှောက်လာ နိုင်အောင် စွမ်းဆောင် ပေးပြီးနောက်

လူသားများ အတွက်ပါ မျှော်လင့်ချက် ရှိလာပြီဟု သိရသည်။

သုတေသီ များသည် ပေါင်းစပ် ဆေးဝါးများ၊ သမားရိုးကျ လေ့ကျင့်ခန်း များ၊ လျှပ်စစ်ဖြင့် လှုံ့ဆော်ပေးမှုများ ဖြည့်တင်း ပေးပြီးနောက် ထိုကြွက်အား လမ်းလျှောက်နိုင်၊ ပြေးနိုင်အောင် ဆောင်ရွက်ပေးမှု အောင်မြင် သွားခဲ့သည်။

သုတေသီ  များက ကြွက်၏ ခန္ဓာကိုယ် အတွင်းရှိ အားအင် ယုတ်လျော့နေသည့် အာရုံကြော များကို အသစ်ပြန်လည် ကောင်းမွန်လာအောင် လှုံ့ဆော် ပေးနိုင်ခဲ့ကြောင်း ရှင်းလင်း ပြောကြား သွားသည်။

ဒေးဗစ်ဂေဖန် ဆေးကျောင်းမှ ဦးဆောင် သုတေသီ ရက်ဂီအက်ဂါတန်က ကြွက်၏ ပျက်စီးနေပြီ ဖြစ်သော ကျောရိုးဆစ် အာရုံကြောမကြီးအား ပြန်လည် ကောင်းမွန်အောင် ဆောင်ရွက် ပေးခဲ့ပြီးနောက် ယင်းကြွက်မှာ ကောင်းမွန်စွာ လမ်းလျှောက် လာနိုင်ခဲ့ကြောင်း ရှင်းပြ ခဲ့သည်။

ယခင်က အလားတူ စမ်းသပ်မှုများ ၎င်းတို့အဖွဲ့ အနေနှင့် ပြုလုပ်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ရက်ဂီ က ဆိုသည်။ ယခု စမ်းသပ်ချက် အောင်မြင် သွားခြင်းကြောင့် အာရုံကြောများ ဆိုးရွားစွာ ပျက်စီးချိနဲ့နေသည့် လူနာများ အတွက် မျှော်လင့်ချက် ရောင်ခြည် အသစ် ထွက်ပေါ် လာပြီဖြစ်ကြောင်း အမေရိကန်ထုတ် အာရုံကြော ဆိုင်ရာ ဆေးပညာ ဂျာနယ်တွင် ရေးသား ဖော်ပြထားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here