ယီမင် အစိုးရနှင့် သူပုန်တို့ အကြား တိုက်ပွဲများ ဖြစ်ပွားနေခဲ့

alt

ယီမင် အစိုးရအား တော်လှန်နေသည့် ဟူသီ အကြမ်းဖက် သူပုန်များနှင့် ယီမင် တပ်မတော် အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ သူပုန်ဦးရေ (၁၄၀)ကျော် သေဆုံး ခဲ့ရကြောင်း သိရှိရသည်။

နိုင်ငံမြောက်ပိုင်း ဆာဒါမြို့ရှိ ဒေသခံ စစ်တပ်တခုအား ဟူသီ တို့က ၀င်ရောက် တိုက်ခိုက်စဉ် ယီမင် စစ်ကြောင်းများက တုန့်ပြန် တိုက်ခိုက်ခဲ့ပြီး နောက် သူပုန်တို့ဘက်မှ အကျအဆုံး များပြားစွာဖြင့် ဆုတ်ခွာခဲ့ရကြောင်း စစ်ဘက်မှ ထိပ်တန်း ပုဂ္ဂိုလ်တဦးက ဆိုသည်။

ယခု ဖြစ်ရပ်သည် ဩဂုတ်လ (၁၁)ရက်နေ့ နောက်ပိုင်း နှစ်ဖက် တပ်ဖွဲ့များ အကြီးမားဆုံး ထိပ်တိုက် တွေ့ဆုံမှု ဖြစ်လာခဲ့သည်။ သို့သော်လည်း စက်တင်ဘာလ (၁၉)ရက်နေ့ တိုက်ခိုက်မှုများ အပြီး နောက်ထပ် တိုက်ပွဲများ ထပ်မံ ပေါ်ပေါက်လာ နိုင်သေးကြောင်း စစ်တပ်များအား တပ်လှန့် ထားခဲ့သည်။

ထိုအတော အတွင်း ယီမင် သမ္မတ အလီအဘူ ဒယ်ဆာလာက ဟူသီ တပ်ဖွဲ့များသည် အနီးအနားမှ ဒေသခံများအား လူသားဒိုင်းများ အဖြစ် အသုံးပြုပြီး တိုက်ပွဲများအတွင်း အပြစ်မဲ့ပြည်သူများ သေကြေစေရန် ဆောင်ရွက်နေကြောင်း စွပ်စွဲလိုက်သည်။ ပြီးခဲ့သည့် သီတင်းပါတ်က နှစ်ဖက် ပစ်ခတ်မှုများ အတွင်း ပြည်သူလူထု ဒါဇင်ပေါင်းများစွာ သေကြေခဲ့ကြောင်း ယီမင် လူ့အခွင့်အရေး အဖွဲ့များက ကြေညာ  ခဲ့ပြီးနောက် သမ္မတက ဟူသီ တို့အား ယခုလို ပြစ်တင် စွပ်စွဲလိုက်ခြင်း ဖြစ်သည်။

ထိုကိစ္စနှင့် ပတ်သက်ပြီး သူပုန်များဘက်မှ ခေါင်းဆောင် တဦးဖြစ်သည် အဘူဒယ်မာလက် အယ်လ်ဟွန်သီက တုန့်ပြန် ငြင်းဆို ထားလိုက်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here