မြောက်ကိုရီးယား ခြိမ်းခြောက်မှု တွေ့ကြုံရနိုင်ဟု တောင်ကိုရီးယား စစ်ဦးစီးချုပ်သစ် ပြောကြား

alt

တောင်ကိုရီးယား စစ်ဦးစီးချုပ် အသစ်က မိမိတို့သည် မြောက်ကိုရီးယား ဘက်မှ အကြီးအကျယ် ခြိမ်းခြောက်လာမှုကို အချိန်မရွေး တွေ့ကြံု ရနိုင်ကြောင်း သတိပေး ပြောဆို လိုက်သည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဟန်မင်ဂူက မြောက်ကိုရီးယားသည် ၎င်းတို့၏ နျူကလီးယား ရည်မှန်းချက်များ အောင်မြင် စေရန်နှင့် နိုင်ငံတကာ အသိုင်းအဝိုင်း၏ ဖိအားမှ ရှောင်ထွက် နိုင်ရန်အတွက် နည်းလမ်းနှစ်မျိုးကို ဆုတ်သာ တိုးသာ အသုံးပြုနေကြောင်း၊ မြောက်ကိုရီးယား အစိုးရ၏ နျူကလီးယား ရည်မှန်းချက် အပြည့်အဝ အောင်မြင် ပြီးမြောက် သွားချိန်တွင် အဓိက ခြိမ်းခြောက် ခံရမည်မှာ တောင်ကိုရီယားသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။

ထို့အပြင် မည်သည့် အချိန်မဆို ရုတ်တရက် ဖြစ်လာနိုင်သည့် စစ်ရေးဖိအားများကို ရင်ဆိုင်ဖြေရှင်းရန် တောင်ကိုရီးယား စစ်တပ်မျာ းအားလုံး အသင့် အနေအထား ပြင်ဆင် ထားသည့်ကြောင်းလည်း ဗိုလ်ချုပ်ဟန်က တိုက်တွန်းထားသည်။ တောင်ကိုရီးယား အစိုးရသစ်သည် မြောက်ကိုရီးယားနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရန် ရည်မှန်းထားကြောင်း ပြောဆိုနေသည့်တိုင် တဖက်ကလည်း သံသယ မျက်ဝန်းများဖြင့် အခြေအနေကို စောင့်ကြည့် အကဲခတ် နေဆဲဖြစ်သည်။

ထို့အပြင် တောင်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးဖြစ်သူ ယူမြောင်ဟွမ် ကလည်း မြောက်ကိုရီးယားသည် မိမိတို့အား ပစ်ခတ်ရန် နျူကလီးယား ထိပ်ဖူးတပ် ဒုံးကျည်တစင်းအား ဆောက်လုပ်လျှက် ရှိကြောင်း စွပ်စွဲလိုက်သည်။ တောင်ကိုရီးယားတွင် စစ်သည်ဦးရေ (၆)သိန်းခွဲ ခန့်ရှိကာ အမေရိကန် စစ်သား (၃)သောင်း နီးပါးဖြင့် အားဖြည့်ထားပြီး မြောက်ကိုရီးယား တွင်မူ စစ်တပ် အင်အား (၁.၂)သန်း ကျော်ရှိကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here