အင်္ဂလန် ပရီးမီးယားလိဂ် မန်ချက်စတာ ဒါဘီပွဲ အကြိတ်အနယ် ရန်ပွဲများလည်း ရှိခဲ့

alt

မန်ချက်စတာ မြို့ခံ နာမည်ကျော် ဘောလုံးအသင်း နှစ်သင်း တွေ့ဆုံသည့် ပွဲစဉ်သည် အကြိတ်အနယ် ရှိခဲ့သလို နောက်ပိုင်း ကိစ္စများမှာလည်း ရဲတပ်ဖွဲ့နှင့်ပါ ဆက်နွယ် လာကြောင်း သိရှိရသည်။

ထိုပွဲတွင် အိမ်ရှင် အသင်းလည်းဖြစ်၊ လက်ရှိ ချန်ပီယံလည်း ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်က မန်ချက်စတာ စီးတီးကို အင်တိုက် အားတိုက် ကစားပြီး (၄-၃)ဖြင့် အနိုင် ရရှိခဲ့သည်။

ပွဲချိန်မိနစ် (၉၀)ပြည့်ချိန် အထိ နှစ်သင်းစလုံး (၃)ဂိုးစီ သရေကျ နေခဲ့သော်လည်း ဒိုင်ဖြစ်သူက နာကျင်အချိန်ပို (၅)မိနစ် အထိ ပေးခဲ့သဖြင့် ယူနိုက်တက်မှ မိုက်ကယ်အိုဝင်က အနိုင်ဂိုး သွင်းယူသွားခြင်း အပေါ် စီးတီးနည်းပြ မတ်ဟုချ်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။

ထို့အပြင် (၂)ဂိုး သွင်းယူခဲ့သည့် စီးတီးတိုက်စစ်မှူး ခရိတ်ဘယ်လာမီ မှာလည်း ယူနိုက်တက် ပရိသတ်တဦးအား ကိုယ်ထိလက်ရောက် တိုက်ခိုက်ခဲ့မှု အတွက် ရဲတပ်ဖွဲ့၏ စစ်ဆေး မေးမြန်းမှုကို ခံရဖွယ် ရှိနေသည်။

ထိုပရိသတ်သည် ပွဲအပြီးတွင် ကွင်းအတွင်း ၀င်လာရာမှ ဘယ်လာမီ နှင့် အချင်းများပြီး ဝေလ် လက်ရွေးစင် တိုက်စစ်မှူးက ကိုယ်ထိလက်ရောက် ထိုးကြိတ်ခဲ့သည်ကို ကင်မရာ မှတ်တမ်းများက ရိုက်ကူး ထားနိုင်ခဲ့သည်။ စီးတီးအသင်းက ယင်းကိစ္စအတွက် တစုံတရာ ထင်မြင်ချက် မပေးသေးသည့်တိုင် မန်ချက်စတာ ရဲတပ်ဖွဲ့ ကမူ ဘယ်လာမီအား စုံစမ်း စစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု အတည်ပြု ပြောဆိုထားလိုက်ပြီ ဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here