ကျန်းမာရေး အမြဲလိုက်စားတဲ့ ဂျနီဖာအင်နစ်စတန်

alt

ကြံခိုင်သန်စွမ်း နေစေရန်အတွက် မြင်းပြိုင်ကွင်းတွင် အမြဲအပြေး လေ့ကျင့်လေ့ ရှိကြောင်း ဟောလီးဝုဒ် မင်းသမီး ဂျနီဖာ အင်နစ်စတန် က ထုတ်ဖော် ပြောကြား လိုက်သည်။

အသက် (၄၀) အရွယ် ရှိနေပြီဖြစ်သော မင်းသမီးက မိမိအနေနှင့် အနုပညာ လုပ်ငန်းများတွင် ကြံ့ခိုင်မှုအပြည့် အားအင် စိုက်ထုတ်နိုင်ရန် ပုံမှန် လေ့ကျင့်ခန်း အနေနှင့် မြင်းပြိုင်ကွင်းကို ပတ်ပြေးလေ့ ရှိသည်ဟု ပြောဆို သွားသည်။

Bounty ဇာတ်ကားမှ နာမည်ကျော် မင်းသမီးသည် နံနက်ပိုင်းတွင် နယူးဂျာစီ အနီးရှိ မွန်းမောက် မြင်းပြိုင်ကွင်းတွင် နံနက်စောစော မပျင်းမရိ ထကာ အရုဏ်ကျင်း (၅)နာရီ ကတည်းက အပြေး လေ့ကျင့်လေ့ ရှိကြောင်း ထိုဇာတ်ကားတွင် သူမနှင့်အတူ တွဲဖက် သရုပ်ဆောင်ခဲ့သည့် မင်းသား ဂရတ်ဘက်တလာ က ပြောကြားခဲ့သည်။

သူမသည် ထိုပြိုင်ကွင်းကို ပတ်ပြေးနေသော်လည်း မောပမ်းဟန် မတွေ့ရဘဲ သက်သောင့် သက်သာပင် ရှိကြောင်း၊ အင်နစ်စတန်၏ ကျန်းမာကြံ့ခိုင်မှုမှာ အံ့ဩဖွယ်ပင် ဖြစ်ကြောင်း ရိုက်ကွင်းနှင့် နီးစပ်သူများက ချီးကျူးခဲ့သည်။

အင်နစ်စတန် သည် ရိုက်ကွင်းနှင့်နီးသော ယင်းပြိုင်ကွင်းတွင် အပြေးလေ့ကျင့်သလို သာမန် အချိန်များတွင်လည်း အိမ်အနီး နံနက်တိုင်း သီးသန့် အပြေးလေ့ကျင့်လေ့ ရှိကြောင်း မိတ်ဆွေများက ဆိုသည်။ ထိုလုပ်ရပ်သည် သူမ၏ အလှအပ ထိန်းသိမ်းရေးနှင့် ကျန်းမာ ကြံ့ခိုင်ရေးအတွက် ထိထိရောက်ရောက် အကျိုးပြုကြောင်း အင်နစ်စတန်က ယုံကြည် ထားသည်ဟု ဆိုသည်။

အင်နစ်စတန်သည် Bounty ဇာတ်ကားကို ရိုက်ကူးပြီးချိန်တွင် နှစ်ကုန်ပိုင်း အထိ ရုပ်ရှင် ရိုက်ကူးမှုများမှ အနားယူရန် စဉ်းစားထားကြောင်း ထုတ်ဖော် ပြောဆို သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here