သွားကိုက် ဝေဒနာကြောင့် လန်ဒန်ရှိုး ရပ်လိုက်ရသည့် အေမီဝိုင်းဟောက်စ်

alt

အေမီဝိုင်းဟောက် တယောက် သွားမကောင်းသဖြင့် စိတ်ညစ် နေရကြောင်း သူမ၏ မိတ်ဆွေများက ပြောကြား လိုက်သည်။

အသက် (၂၅)နှစ် အရွယ် ဂရမ်မီဆုရှင် အဆိုတော်သည် ပြီးခဲ့သည့် သီတင်းပါတ်က လန်ဒန်မြို့ ဖျော်ဖြေပွဲတခုတွင် သီချင်းဆိုရင်း သွားနာ လာသဖြင့် ပွဲအား သတ်မှတ်ချိန်ထက် မိနစ်ပိုင်းမျှ စောပြီး ရပ်နားခဲ့ရသည်။

ထိုသို့ ဖြစ်ရခြင်းမှာ သူမ ယခင်က မူးယစ်ဆေးဝါးနှင့် အရက်သေစာ တို့ကို အလွန်အကျွံ သောက်စား သုံးစွဲစဉ် ပုံမှန် သွားတိုက်ရန် မေ့လျော့နေခဲ့ခြင်း ကြောင့်ဟု သိရှိရသည်။

အမ်မီသည် သွားများ အညိုရောင် ဖြစ်သွားသည် အထိ အခြေအနေ ဆိုးခဲ့သော်လည်း ယခုမူ အခြေအနေ ပြန်ကောင်းစ ပြုလာပြီဟု ဆိုသည်။ R&B ဂီတ အဆိုတော်၏ သူငယ်ချင်းများ ကလည်း အေမီတယောက် နောင်ကျဉ်နေပြီး ခံတွင်း သန့်ရှင်းရေးကို အာရုံ စိုက်ရကောင်းမှန်း သိနေပြီဟု ဆိုသည်။

အေမီသည် သွားတွင် အပေါက်များ ဖြစ်နေပြီး ချေးများ တက်နေသဖြင့် သန့်ရှင်းရေးနှင့် ဖာထေးခြင်း များကို ဆရာဝန်ထံ ရက်ချိန်းယူကာ (၃)ကြိမ် (၄)ကြိမ်ထက် မနည်း သွားရောက် ကုသမှု ခံယူနေရကြောင်း သတင်းရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here