အဒိုဘီ ၏ Flash နည်းစနစ်တခု စတင်နိုင်ရန် ပြင်ဆင်လျှက်ရှိ

alt

Adobe က ၎င်းတို့သည် User များနှင့် Publisher များအတွက် Flash Game များ အလွယ်တကူ မျှဝေနိုင်စေမည့် Flash Platform တခုအား စတင် လည်ပတ်နိုင်ရန် ပြင်ဆင်နေကြောင်း အတည်ပြု ပြောကြားခဲ့သည်။

ယခု အစီအစဉ်အရ User များသည် ၎င်းတို့၏ Flash Game များအား သူငယ်ချင်း များထံ ပိုမို လျင်မြန်စွာ မျှဝေပေးနိုင်ပြီး မိုဘိုင်းလ် ဖုန်းများအတွက် Game များ ရယူလိုသည့် User များမှာလည်း လက်ရှိ အသုံးပြုနေသည့် Platform ထက် မြန်နှုန်းမြင့်မားစွာ Game များရယူနိုင်မည်ဟု Software ကုမ္မဏီကြီးက ကြေညာခဲ့သည်။

Publisher များအနေနှင့်လည်း Flash ကို အခြေခံသည့် ၎င်းတို့၏ Application များအား ကြော်ငြာရန်၊ Download လုပ်ခွင့်ပေးရန် စသည်တို့အား ပိုမိုလျင်မြန် လွယ်ကူစွာ ဆောင်ရွက်နိုင်မည် ဖြစ်သည်။

Adobe က ယခု ကိစ္စအား ပါတနာဖြစ်သည့် Gigya က ကူညီ ဆောင်ရွက်မည်ဟုလည်း စက်တင်ဘာ (၂၁)ရက် နေ့က အတည်ပြု ကြေညာခဲ့သည်။ အသစ်ပေးမည့် Adobe ၏ စီမံကိန်းအရ User များသည် ၎င်းတို့၏ Flash အသုံးပြု Application တိုင်းအား မျှဝေသုံးစွဲမှု လွယ်ကူ လျင်မြန်စေပြီး Adobe ၏ ကျော်ကြားမှု ပုံရိပ်မှာလည်း ပိုမိုမြင့်မား လာမည်ဟု ကုမ္မဏီက ယုံကြည်နေကြောင်း သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here