Microsoft Windows 7 ကျောင်းသားများ အတွက် အထူး လျှော့ဈေးဖြင့် ရောင်းမည်

alt

Microsoft ကော်ပိုရေးရှင်းသည် ၎င်းတို့ အသစ်ထုတ်မည့် Operation System အသစ် Windows 7 ၏ Home Premium Version ကို ကျောင်းသား ကျောင်းသူများ အတွက် အထူး လျှော့ဈေး သတ်မှတ် ရောင်းချ ပေးသွားမည် ဟု သိရှိရသည်။

ယင်း Version သည် ရောင်းဈေး (၁၁၉)ဒေါ်လာ သတ်မှတ် ထားပြီး ဖြစ်သော်လည်း ကျောင်းသူ ကျောင်းသား များကမူ ဒေါ်လာ (၃၀)ဖြင့် ၀ယ်ယူ နိုင်မည် ဖြစ်သည်။

Microsoft က ယခု စီမံကိန်းသည် ကျောင်းသူ ကျောင်းသား များ၏ ပညာရေး ကဏ္ဍတွင် ဒီဂျစ်တယ် အတတ်ပညာ စီးဆင်းမှု ပိုမိုမြန်ဆန် လာရေးအတွက် ပြည့်စုံ ကောင်းမွန်သော အဆိုပြုမှု တရပ် ဖြစ်လာမည်ဟု ကြေညာခဲ့သည်။

Microsoft သည် ကျောင်းသား များအတွက် Windows 7 ကို အသုံးပြုပြီး အခြား Feature အသစ်များ ရယူ သွားနိုင်ရန် အထူး ၀ဘ်ဆိုဒ် တခုလည်း စီစဉ်ပေးမည် ဖြစ်သည်။ ထို ၀ဘ်ဆိုဒ်တွင် ကျောင်းသား များအနေနှင့် ၎င်းတို့၏ ပညာသင်ကြား နေကြောင်း အတိအကျ အချက်အလက် များကို ဆန်းစစ် အတည်ပြုပြီးလျှင် Windows 7 ကို လျှော့ဈေးဖြင့် ၀ယ်ယူ နိုင်မည်ဖြစ်ပြီး Microsoft မှ ပညာရေးဆိုင်ရာ အကြံပေးချက် များကိုလည်း ရရှိနေမည် ဖြစ်သည်။

Microsoft သည် Windows 7 ကို အောက်တိုဘာ (၂၂)ရက် နေ့မှ စတင်ကာ တရားဝင် ဖြန့်ဖြူး ရောင်းချသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here