အမေရိကန်-ကျူးဘား တိုက်ရိုက် စာပို့စနစ် ပြန်လည် စတင်ရန်ညှိနှိုင်း

alt

အမေရိကန် နှင့် ကျူးဘား နိုင်ငံတို့သည် တိုက်ရိုက် စာပို့စနစ်ကို ပြန်လည် စတင်ရန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ကွန်မြူနစ် နိုင်ငံတခုဖြစ်သော ကျူးဘားနှင့် အမေရိကန် တို့သည် ခါးသီးသော ဆက်ဆံရေးများ တည်ရှိနေပြီး စက်တင်ဘာလ (၁၇)ရက် နေ့က ပြုလုပ်သော ဆွေးနွေးမှုသည် နှစ်နိုင်ငံကြား ရှားရှားပါးပါး ညှိနှိုင်းမှုလည်း ဖြစ်လာခဲ့သည်။

ကျူးဘား အစိုးရက ယခုအခါ နှစ်နိုင်ငံမှ တာဝန် ရှိသူများသည် (၁၉၆၃) ခုနှစ်မှ စပြီး ဆိုင်းငံ့ထားသော စာပို့စနစ်ကို ခေတ်မီ နည်းပညာများဖြင့် တကျော့ပြန် အသက်သွင်းရန် ဆွေးနွေးနေကြောင်း အတည်ပြုခဲ့သည်။

ထို့ကြောင့် စာပို့စနစ်သည် လုံခြံုရေး အကြောင်းပြချက်ဖြင့် စစ်ဆေးမှုများ မရှိတော့ဘဲ ငွေချေစနစ် သီးသန့်ဖြင့် လုပ်ကိုင် လာနိုင်ဖွယ် ရှိနေသည်။ ယခု ညှိနှိုင်းမှုများသည် ကျေနပ်စရာ ကောင်းကြောင်း မြောက်အမေရိက နိုင်ငံခြားရေးရာ ၀န်ကြီးဌာနမှ ဒါရိုက်တာ ဂျိုဆဖီနာ ဗင်ဒယ် ဖာရီယို က ဆိုသည်။

ပထမအကြိမ် ပြန်လည် တွေ့ဆုံမှုတွင်ပင် နှစ်ဦးနှစ်ဖက် အဆင်ပြေစွာ ညှိနှိုင်း နိုင်ခဲ့ကြောင်း၊ မကြာမီတွင် နှစ်နိုင်ငံကြား စာပို့စနစ် စတင် လည်ပတ် လာမည်ဟု ယုံကြည်ရကြောင်း ဖာရီယိုက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ကျူးဘားတို့သည် အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ် လက်ထက်တွင် ဆက်ဆံရေး အတန်အသင့် တိုးတက် စပြုလာပြီး အမေရိကန်က ဖမ်းဆီးထားသည့် အကြမ်းဖက်သမား များအား ထားရှိနိုင်ရန် ကျူးဘား နိုင်ငံအတွင်း ဂွာတီနာမို အကျဉ်း စခန်းကြီးအား ကျူးဘား အစိုးရက ဖွင့်လှစ် ခွင့်ပြုခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here