သီရိလင်္ကာ စစ်ပြေးဒုက္ခသည်များ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ တိုက်တွန်း

alt

သီရိလင်္ကာ နိုင်ငံသို့ ရောက်ရှိနေသည့် ကုလသမဂ္ဂ အထူးတာဝန်ရှိ ပုဂ္ဂိုလ်က သီရိလင်္ကာ အစိုးရအား ဒုက္ခသည် စခန်းများတွင် ထိန်းသိမ်းထားသည့် စစ်ပြေး ဒုက္ခသည်များအား ပြန်လွှတ် ပေးရန် ဖိအားပေး တောင်းဆို လိုက်သည်။

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ၏ နိုင်ငံရေး ဆိုင်ရာ အထူး ကိုယ်စားလှယ် လင်းပက်စကိုးလ် သည် အစိုးရက ထိန်းသိမ်း ထားသည့် စခန်းများ အတွင်း ဆင်းရဲကြပ်တည်းစွာ နေထိုင်ရရှာသည့် ဒုက္ခသည်ဦးရေ (၂၅၀၀၀၀) ကျော်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် သီရိလင်္ကာ သမ္မတ မာဟင်ဒါ ရာဂျက်ပ်ဆကီ ထံ တောင်းဆိုသွားမည် ဖြစ်သည်။

ပက်စကိုးလ် သည် ထိုဒုက္ခသည် စခန်းများ အထိ သွားရောက် လည်ပတ်ခဲ့ပြီး ရေကြီးရေလျံမှုများ အပါအဝင် ဒုက္ခအမျိုးမျိုးနှင့် ရင်ဆိုင် နေရသည်ကို တွေ့ရှိခဲ့ရသည်။

မိမိအနေနှင့် ကမာ္ဘ အရပ်ရပ်မှ စစ်ဘေးဒုက္ခသည် ထိန်းသိမ်းရေး စခန်းများသို့ ရောက်ခဲ့ဖူးကြောင်း၊ စခန်းတိုင်းမှ ဒုက္ခသည်များသည် မိမိတို့ နေရပ်သို့ ပြန်လိုသည့် စိတ်ဆန္ဒ အလွန်ထက်သန် နေကြသည်ကိုလည်း ခံစားသိရှိခဲ့ကြောင်း သတင်းထောက် များထံ ပြောကြား သွားခဲ့သည်။

ပက်စကိုးလ် သည် သီရိလင်္ကာ သမ္မတအား ဒုက္ခသည်များ ပြန်လွှတ်ပေးရန် ဖိအားပေး တိုက်တွန်းသွားမည်ဟု အတည်ပြု ခဲ့သော်လည်း တောင်းဆိုမည့် အသေးစိတ် အချက်အလက် များကိုမူ ပြောကြားရန် ငြင်းဆန် သွားခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here