အီတလီ စစ်ယာဉ်တန်းအား ကာဗုံးဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရ

alt

စက်တင်ဘာလ (၁၇)ရက် နေ့က အီတလီ စစ်ကားယာဉ်တန်း တခုအား ရည်ရွယ် ဖောက်ခွဲခဲ့သည့် ကားဗုံး ကြောင့် အာဖဂန်နစ္စတန်တွင် တာဝန် ထမ်းဆောင်နေသော စစ်သား(၆)ဦးနှင့် အာဖဂန် အရပ်သား (၁၀)ဦးတို့ သေဆုံး

သွားခဲ့ရသည်။

အီတလီနှင့် အာဖဂန် အစိုးရများက ယခု ဗုံးအတွင်း နောက်ထပ် လူ(၅၂)ဦး ဒဏ်ရာများ ရရှိသွားကြောင်း အတည်ပြုခဲ့ပြီး ကဘူးတွင် ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုသည် အာဖဂန်တွင် တပါတ်အတွင်း (၄)ကြိမ်မြောက် ကြီးမားသော တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင် သွားခဲ့သည်။

ယခု ဗုံးခွဲမှုအတွင်း အီတလီစစ်ဘက်မှ သေဆုံးခဲ့သဖြင့် အာဖဂန်တွင် လာရောက် တာဝန် ထမ်းဆောင်နေသည့် စစ်သည်(၂၈၀၀)ကျော် အနက် (၂၁)ဦး အထိ အသေအပျောက် ရှိလာပြီဟု သိရှိရသည်။ အာဖဂန်တွင် ရွေးကောက်ပွဲသည် ဩဂုတ်လ (၂၀)ရက်နေ့ ကတည်းက ပြီးဆုံးခဲ့သော်လည်း ရလဒ် အတိအကျ ထွက်ပေါ် မလာသေးပေ။

လက်ရှိ သမ္မတ ဟာမစ်ကာဇိုင်းမှာ လက်တလောတွင် မဲအရေအတွက် (၅၄.၆)ရာခိုင်နှုန်း ရရှိနေပြီး အဓိကပြိုင်ဘက် အက်ဘဒူလာ အက်ဘဒူလာက (၂၇.၈) ရာခိုင်နှုန်း ရရှိထားသည်။ အာဖဂန် ရွေးကောက်ပွဲ ရလဒ် မပြတ်မသားဖြင့် ကြန့်ကြာ နေခြင်းသည် အကြမ်းဖက်မှု တိုက်ဖျက်ရေး လုပ်ငန်းများအား အတားအဆီး ဖြစ်စေကြောင်း အမေရိကန် အစိုးရက ပြစ်တင် ဝေဖန်ထားပြီး တာလီဘန် တပ်ဖွဲ့ကလည်း အီတလီ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့သည်မှာ မိမိတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ကြေညာခဲ့သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here